ပေါလ်ဝက်စ်လေနှင့် ဖိုဘီတွန်ကင် တို့လမ်းခွဲပြတ်ဆဲ

ပေါလ်ဝက်စ်လေနှင့် ဖိုဘီတွန်ကင် တို့လမ်းခွဲပြတ်ဆဲ

The Vampire Diaries ရုပ်သံဇာတ်လမ်းတွဲဖြင့် လူသိများသော မင်းသား ပေါလ်ဝက်စ်လေနှင့် မင်းသမီး ဖိုဘီ တွန်ကင်တို့သည် လေးနှစ်နီးပါးခန့် လက်တွဲခဲ့ပြီးနောက်တွင် လမ်းခွဲပြတ်ဆဲလိုက်ပြီ ဖြစ်သည်။

အသက် ၃၄နှစ်အရွယ်ရှိ ၀က်စ်လေနှင့် ၂၇နှစ်အရွယ်ရှိ တွန်ကင်တို့သည် CW မှထုတ်လွှင့်သော The Vampire Diaries ရုပ်သံဇာတ်လမ်းတွဲ၏ ရိုက်ကွင်း၌ ၂၀၁၂ က စတင်တွေ့ရှိခဲ့ပြီးနောက်တွင် လက်တွဲခဲ့ကြသည်။ တွန်ကင်သည် အဆိုပါဇာတ်လမ်းတွဲ၌ ဟာလေမာရှယ် ဇာတ်ကောင်နေရာမှ စတင်သရုပ်ဆောင်ခဲ့ပြီး ၂၀၁၃ခုနှစ်တွင် ခွဲထွက်ထုတ်လွှင့်ခဲ့သော The Originals ရုပ်သံဇာတ်လမ်းတွဲ၌ ပါ၀င်ခဲ့သည်။

၀က်စ်လေနှင့် တွန်ကင်တို့ နှစ်ယောက်ကို လူမြင်ကွင်း၌ အတူတကွတွဲလျက် မြင်လိုက်ရသော နောက်ဆုံးအချိန်မှာ ပြီးခဲ့သော ၂၀၁၆ ဒီဇင်ဘာ ၂၀ရက်နေ့က ဖြစ်သည်။

သူတို့နှစ်ဦးသည် သူငယ်ချင်းကောင်းများအဖြစ် ဆက်လက်ရှိနေမှာ ဖြစ်ကြသည်ဟု သတင်းများအရသိရသည်။

၀က်စလေသည် မကြာသေးခင်ကမှ The Vampire Diaries ရုပ်သံဇာတ်လမ်းတွဲ၏ နောက်ဆုံးအပိုင်းကို ရိုက်ကူးထားခဲ့ပြီး ထိုအပိုင်းကို မတ်လ ၁၀ရက်နေ့ ည ၉နာရီတွင် ထုတ်လွှင့်မည်ဖြစ်သည်။ အဆိုပါအပိုင်းတွင် ထုတ်လွှင့်ခဲ့သမျှ အပိုင်းများအား တစ်နာရီခန့် နောက်ကြောင်းပြန်ပြခြင်းလည်း ပါရှိမည်ဖြစ်သည်။

Ref: Enews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly