ဇနီးဖြစ်သူအတွက် မွေးနေ့ဆုတောင်းပေးသည့် စာသားကြောင့် ဂရစ်ဇ်မန်း ဒဏ်ရိုက်ခံရ

ဇနီးဖြစ်သူအတွက် မွေးနေ့ဆုတောင်းပေးသည့် စာသားကြောင့် ဂရစ်ဇ်မန်း ဒဏ်ရိုက်ခံရ

မတ် ၁၀၊ စပိန် ။            ။ အက်သလက်တီကိုအသင်းက ဗလင်စီယာအသင်းကို ၃-၀ ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲတွင် အနိုင်ဂိုးသွင်းယူပေးခဲ့ပြီးနောက် ဇနီးဖြစ်သူ၏မွေးနေ့အတွက် ဆုတောင်းပေးသော စာသားဖြင့် အောင်ပွဲခံခဲ့သော ဂရစ်ဇ်မန်းကို စပိန်ဘောလုံးအဖွဲ့ချုပ်က ဒဏ်ငွေ ပေါင် ၅၂၀ တပ်ရိုက်လိုက်သည်။

ဂရစ်ဇ်မန်းသည် သူ၏အောက်ခံအကျင်္ီတွင် မွေးနေ့ဆုတောင်းစာသားရေထားပြီး ဂိုးသွင်းပြီးနောက် အပေါ်အကျင်္ီကို လှန်ကာ စာသားအားပြသအောင်ပွဲခံခဲ့ခြင်းဖြစ်သည်။

အောက်ခံအကျင်္ီတွင် စပိန်ဘာသာစကားဖြင့် "Feliz Cumple Gordita" ဟုရေးထားခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာ ‘ပျော်ရွှင်စရာမွေးနေ့ပါ ၀တုတ်လေး’ ဖြစ်သည်။

ကွင်းအတွင်းအောင်ပွဲခံစဉ်က အရေးယူခြင်းမခံခဲ့ရသော်လည်း စပိန်ဘောလုံးအဖွဲ့ချုပ်က ဂရစ်ဇ်မန်း၏လုပ်ရပ်ကို ပြန်လည်သုံးသပ်ကာ ဒဏ်ငွေအပြင် နောက်နောင်ယခုကဲ့သို့ မပြုလုပ်ရန် သတိပေးခဲ့သည်။

အရေးယူခံရပြီးနောက်တွင် ဂရစ်ဇ်မန်းက ‘ကျွန်တော့်ဇနီးအတွက် အောင်ပွဲခံခဲ့လို့ ဒဏ်ငွေအရိုက်ခံခဲ့ရပြီး သတိပေးခံခဲ့ရပါတယ်။ အခြားအရာတွေအတွက်လည်း စိတ်ပူစရာပါ’ ဟု သတိပေးရေးသားခဲ့သည်။

ယခုကဲ့သို့ အရေးယူခဲ့ခြင်းမှာ ဂျာစီစပွန်ဆာများကို မှေးမှိန်စေသည့်အတွက် အရေးယူခြင်းဖြစ်ဖွယ်ရှိသည်ဟု စပိန်သတင်းစာများက ဆိုသည်။

ရည်ညွှန်း စပို့မို

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly