ပရိသတ်ရှေ့မှောက် ပြန်လာမည့်ရက် အတိအကျအား Girl’s Day အဖွဲ့ကြေညာ

ပရိသတ်ရှေ့မှောက် ပြန်လာမည့်ရက် အတိအကျအား Girl’s Day အဖွဲ့ကြေညာ

မတ်လ ၁၀ရက်နေ့တွင် ကိုရီးယား အမျိုးသမီးဂီတအဖွဲ့ Girl’s Day အဖွဲ့သည် ပရိသတ်ရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာမည့် ရက်အတိအကျအား ကြေညာခဲ့သည်။

၄င်းတို့၏အေဂျင်စီမှ Girl’s Day အဖွဲ့သည် လာမည့် မတ်လ၂၇ရက်နေ့တွင် ၄င်းတို့၏ အယ်လ်ဘမ်အသစ်ဖြင့် ပရိတ်သတ်ထံ ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ယခင်က Girl’s Day အဖွဲ့သည် သီချင်းအသစ်များ ထွက်ရှိလာနိုင်သည့် ရက်စွဲကိုအကြိမ်ကြိမ် နောက်ပြန်ဆုတ် ခဲ့ရသော်လည်း ယခုတွင် သီချင်းအသစ်ထွက်ရှိမည့် ရက်အတိအကျမှာ သေချာသွားပြီဖြစ်သည်။ ဒါ့အပြင် Girl’s Day အဖွဲ့သည် ၄င်းတို့၏ သီချင်းဗွီဒီယိုအတွက် ရိုက်ကူးမှုများကို လာမည့်မတ်လ ၁၂ရက်နေ့တွင် စတင် မည်ဖြစ်သည်။

Girl’s Day အဖွဲ့သည် လွန်ခဲ့သော တစ်နှစ်နှင့်ကိုးလအကြာက LOVE အမည်ရှိ သီချင်းအယ်လ်ဘမ်ကို နောက်ဆုံးထွက်ရှိထားခဲ့ပြီး ပရိတ်သတ်များနှင့် ကင်းဝေးနေခဲ့သည်။ ပရိသတ်ရှေ့မှောက်ထံ ပြန်လည်ရောက်ရှိ လာမည့်အချိန်မှာ ကြာမြင့်ခဲ့သောကြောင့် ၄င်းတို့၏ သီချင်းအယ်လ်ဘမ်ကို မျှော်လင့်စောင့်စားနေသူ အများ အပြားရှိနေသည်။ ဒါ့အပြင် အဖွဲ့၏ သီချင်းအယ်လ်ဘမ်သစ်မှ ခေါင်းစီးသီချင်းကို နာမည်ကျော်ထုတ်လုပ်သူ ရိုင်ယန်ဂျွန်မှ ထုတ်လုပ်မည်ဟု သိရသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly