‘အင်္ဂလိပ်ကစားသမားများက စျေးနှုန်းမြင့်မားလွန်း’ဟု ဂွာဒီယိုလာ ပြော

‘အင်္ဂလိပ်ကစားသမားများက စျေးနှုန်းမြင့်မားလွန်း’ဟု ဂွာဒီယိုလာ ပြော
(ဓာတ်ပုံ - အီးပီအေ)

နည်းပြ ဂွာဒီယိုလာက သူဟာ မန်စီးတီးအသင်းဆီ အင်္ဂလိပ်ကစားသမားတွေ ပိုမိုခေါ်ယူလိုပေမယ့် သူတို့ရဲ့ အပြောင်းအရွှေ့ ကုန်ကျစရိတ်မှာ မြင့်မားလွန်းတယ်လို့ ပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းက သြဂုတ်လက အဲဗာတန်အသင်းက ခေါ်ယူခဲ့တဲ့ အင်္ဂလန်အသင်း နောက်ခံလူ စတုန်းရဲ့ အပြောင်းအရွှေ့ကုန်ကျစရိတ်မှာ ပေါင် ၄၇.၅ သန်းရှိပြီး အသင်းလူစာရင်းမှာ ၅ ယောက်မြောက် အင်္ဂလိပ်ကစားသမားဖြစ်ပါတယ်။

"ကျနော် အင်္ဂလိပ်ကစားသမားတွေကို ခေါ်ယူ ရယူချင်ပါတယ်။ ဒါပေမယ့် သူတို့က စျေးအရမ်းကြီးလွန်းပါတယ်"လို့ ဂွာဒီယိုလာက ပြောပါတယ်။

"အင်္ဂလိပ်ကစားသမားတွေနဲ့အတူ ကစားချင်ပါတယ်။ ကျနော် ဘာစီလိုနာမှာ ရှိခဲ့ချိန်က ပြည်တွင်းကစားသမားတွေနဲ့ ကစားဖို့ နှစ်သက်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ အထူးကောင်းမွန်တဲ့ အရာတစ်ခုခုလို့ ခံစားရပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ဒါဟာ မဖြစ်နိုင်ပါဘူး။"

မန်စီးတီးအသင်း ပထမလူစာရင်းဟာ စတုန်း၊ စတာလင်၊ ဖေဘီယံဒါ့ဗ်၊ ၁၉ နှစ်အရွယ် နောက်ခံလူ အာဒါရာဘိုင်အိုယိုးနှင့် အရံဂိုးသမား အန်ဂစ်ဂန်းတို့ကို ပိုင်ဆိုင်ထားပါတယ်။ အင်္ဂလန်ဂိုးသမား ဂျိုးဟတ်ဟာ စီးရီးအေကလပ် တိုရင်နိုမှာ တစ်ရာသီ အဌားနဲ့ သွားရောက်ကစားနေပါတယ်။

"ဒါပေမယ့် စျေးကွက်ကတော့ စျေးကွက်ပါ။ ဒါ့ကြောင့် ကလပ်အသင်းဟာ ကျနော် ဒါမှမဟုတ် ကျနော်မပါဘဲ အကယ်ဒမီကို ရေရှည်လုပ်ဆောင်နေတာဖြစ်ပါတယ်။"လို့ စီးတီးနည်းပြက ဆိုပါတယ်။

Ref; BBC Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly