Big Bang အဖွဲ့မှတော့ပ်နှင့် JYJ အဖွဲ့မှ ကင်မ်ဂျန်ဆုတို့ စစ်သင်တန်းပြီးဆုံး၍ တာဝန်အသစ် ထမ်းဆောင်မည်

Big Bang အဖွဲ့မှတော့ပ်နှင့် JYJ အဖွဲ့မှ ကင်မ်ဂျန်ဆုတို့ စစ်သင်တန်းပြီးဆုံး၍ တာဝန်အသစ် ထမ်းဆောင်မည်

Big Bang ဂီတအဖွဲ့မှ တော့ပ်နှင့် JYJ ဂီတအဖွဲ့မှ ကင်မ်ဂျန်ဆုတို့သည် ၄င်းတို့၏ စစ်သင်တန်းကာလ ပြီးဆုံးပြီ ဖြစ်၍ လုပ်ငန်းတာဝန်အသစ်များကို မကြာခင် ထမ်းဆောင်တော့မည်ဖြစ်သည်။

အဆိုတော်နှစ်ဦးသည် ပြီးခဲ့သောဖေဖေါ်ဝါရီ ၉ရက်နေ့၌ နွန်ဆန်စစ်သင်တန်းစင်တာတွင် စာရင်းပေးသွင်းခဲ့ကြပြီး မတ်လ၉ရက်နေ့တွင် စင်တာမှထွက်ခွာ၍ ၄င်းတို့၏ ကဏ္ဍအသီးသီးကို လုပ်ဆောင်တော့မည်ဖြစ်သည်။

တော့ပ်နှင့် ကင်မ်ဂျန်ဆုတို့နှစ်ဦးသည် ၄ပတ်တာ အခြေခံစစ်သင်တန်းကို သင်ကြားခဲ့ပြီး ယခုဆိုလျှင် ၄င်းတို့၏ စစ်မှုထမ်းကာလအတွင်း၌ ရဲသားများအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ ထို့အတွက် သီးခြားသင်တန်းများကို တကွဲတပြားစီ တက်ရောက်တော့မည်ဖြစ်ပြီး နွန်ဆန်စစ်သင်တန်းစင်တာ၌ သင်တန်းပြီးမြောက်ခြင်း အခမ်းအနားတွင် မိသားစုများ၊ လုပ်ဖော်ကိုင်ဖက်များနှင့်တွေ့ဆုံမည်ဖြစ်ကာ ထို့နောက်တွင် တာဝန်ကျရာနေရာ အသီးသီးသို့ ချက်ချင်းထွက်ခွာရမည်ဖြစ်သည်။

တော့ပ်သည် ဆိုးလ်မြို့ပြရဲဌာနတွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ဂျီယောင်ဂီခရိုင်အတွင်းရှိ ရဲသင်တန်းစင်တာတွင် သင်တန်းတက်ရောက်ရမည်ဖြစ်သည်။ ကင်မ်ဂျန်ဆုသည် ဂျီယောင်ဂီတောင်ပိုင်း ရဲဌာန တွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကာ အထူးလုပ်ငန်းရဲသင်တန်းစင်တာ၌ နှစ်ပတ်မှ သုံးပတ်အထိ တက်ရောက်ရမည်ဖြစ်သည်။

၄င်းတို့နှစ်ဦးစလုံးသည် လာမည့် ၂၀၁၈ နို၀င်ဘာလတွင် စစ်မှုထမ်းတာဝန် ပြီးဆုံးမည်ဖြစ်သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags