ခေါင်းဆောင်သစ်ရွေးချယ်မယ့် UNFC ဒုတိယအကြိမ်ညီလာခံ မတ်လ ၂၀ နောက်ပိုင်းကျင်းပမည်

ခေါင်းဆောင်သစ်ရွေးချယ်မယ့် UNFC ဒုတိယအကြိမ်ညီလာခံ မတ်လ ၂၀ နောက်ပိုင်းကျင်းပမည်

ရန်ကုန် ၊ မတ် ၉ ။             ။ ခေါင်းဆောင်ပိုင်းနေရာများကို ပြန်လည်ရွေးချယ်သွားမည် ဖြစ်သည့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)၏ ဒုတိယအကြိမ်ညီလာခံကို မတ်လ ၂၀ ရက်နေ့ နောက်ပိုင်းတွင်သာ ကျင်းပသွားမည်ဟု UNFC တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) ဦးထွန်းဇော်က မဇ္စျိမသို့ အတည်ပြုပြောသည်။

"UNFC ရဲ့ ဒုတိယအကြိမ်ညီလာခံ က ဒီလ ၂၀ နောက်ပိုင်းမှ လုပ်မယ် ။ အဲ့ဒီ ညီလာခံကာလအတွင်းမှာပဲ လုပ်သွားမှာပါ " ဟု ဦးထွန်းဇော်က ဆိုသည်။

အဆိုပါ ကျင်းပမည့် ဒုတိယအကြိမ်ညီလာခံ၌ အစိုးရနှင့် မူအားဖြင့် သဘောတူညီမှုရရှိခဲ့သည့် အချက် (၉) ချက် အပါအဝင် ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးကိုပါ ဆွေးနွေးသွားမည်ဖြစ်သည်။
UNFC ၏ ဒုတိယအကြိမ် ညီလာခံကို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းပြုလုပ်ရန် ရည်ရွယ်ထားပေမယ့် မြန်မာပြည်မြောက်ပိုင်း၌ တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့်   ရွေ့ဆိုင်းထားခဲ့ရခြင်းလည်း   ဖြစ်သည်ဟု ဦးထွန်းဇော်က ပြောဆိုခဲ့သည်။

လက်ရှိတွင် UNFC ဥက္ကဌ အဖြစ် ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုဥက္ကဋ္ဌ အဖြစ် နိုင်ဟံသာ၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ခူဦးရယ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ အဖြစ် ဦးထွန်းဇော် ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ အဖြစ် တာပန်လ တို့က တာဝန်ယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags