ရုရှကလပ်ရော့စတော့ဗ်ကွင်းကို မန်ယူနည်းပြမော်ရင်ဟိုဝေဖန်

ရုရှကလပ်ရော့စတော့ဗ်ကွင်းကို မန်ယူနည်းပြမော်ရင်ဟိုဝေဖန်

မတ် ၉၊ ရော့စတော့ဗ်။                   ။ မန်ချက်စတာယူနိုက်တက်နည်းပြမော်ရင်ဟိုသည် ယူရိုပါလိဂ်ပွဲကစားရမည့် ရော့စတော့ဗ်အသင်း၏ကွင်းကို ဝေဖန်ပြောဆိုလိုက်သည်။

ရော့စတော့ဗ်အသင်းသည် ရုရှလိဂ်တွင်အဆင့် ၅ နေရာရပ်တည်နေပြီး ၁၉၃၀ ခုနှစ်ကတည်ဆောက်ထားကာ ပရိသတ် ၁၅၀၀၀ ကျော်သာဆန့်သည့် အိုလင့်ပ်-၂ ကွင်းတွင် ကစားနေသည်။

“အဲဒါကိုကွင်းလို့ပြောရင် အဲဒီကွင်းမှာကစားရမယ်ဆိုတာကို ကျွန်တော့်အဖို့ယုံရခက်နေတယ်။ ဘယ်အသင်းက ကစားမလဲ ကျွန်တော်မသိဘူး”ဟု မော်ရင်ဟိုက ပြောသည်။

ဥရောပဘောလုံးအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ ကွင်းအနေဖြင့်အပြည့်စုံဆုံးအနေအထားတွင်ရှိချင်မှရှိမည်ဖြစ်သော် လည်း ပွဲကစား၍ရသည့်အခြေအနေဖြစ်ကြောင်းနှင့် သတ်မှတ်ထားသည့်ပွဲစဉ်ဇယားအတိုင်းသာဆက်ကစားသွားမည်ဖြစ် ကြောင်း ဘီဘီစီသို့ ပြောသည်။

ကွင်း၏အခြေအနေမှာ ရာသီကြိုကာလက ပေကျင်းတွင်မန်စီးတီးနှင့်ကစားရန်စီစဉ်ခဲ့ပြီးမှ ဖျက်သိမ်းခဲ့ရသည့် ကွင်းအနေအထား မျိုးပင် ဖြစ်သည်ဟု မော်ရင်ဟိုက ပြောသည်။

“နွေရာသီတုန်းက တရုတ်ကကွင်းနဲ့ သိပ်တူပါတယ်။ ကျွန်တော်တို့နဲ့ မန်စီးတီးတို့ဟာ မကစားဖို့ဆုံးဖြတ်ခဲ့ရတယ်။ ဒါပေမဲ့ ကြည့်ရတာ ကျွန်တော်တို့ကစားရမယ့်ပုံပါပဲ”ဟု မော်ရင်ဟိုက ဆိုသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly