အမျိုးသမီးများနေ့အား ဂုဏ်ပြုသည့် မြန်မာအမျိုးသမီးများရက်သတ္တပတ် လှုပ်ရှားမှုစတင်

အမျိုးသမီးများနေ့အား ဂုဏ်ပြုသည့် မြန်မာအမျိုးသမီးများရက်သတ္တပတ် လှုပ်ရှားမှုစတင်

ရန်ကုန် မတ် ၈ ။          ။ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မြန်မာအမျိုးသမီးများရက်သတ္တပတ် (Women’s Week – Myanmar) လှုပ်ရှားမှုကို ရန်ကုန်မြို့တွင် မတ်လ ရ ရက် နေ့က စတင်ပြုလုပ်ခဲ့သည်။

လှုပ်ရှားမှုတစ်ခုအနေဖြင့် ရန်ကုန်မြို့ကို နယ်မှတက်လာသည့် အမျိုးသမီးများ၏ ဘဝများကိုထင်ဟပ်စေသည့် မှတ်တမ်းရုပ်ရှင်များကို ဝဇီရာရုပ်ရှင်ရုံတွင် စတင်ပြသခဲ့သည်။ ဆက်လက်ပြီး ကျား-မ တန်းတူ အခွင့်အရေး ဆိုင်ရာ လှံု့ဆော်မှုများ  အမျိုးသမီးစွမ်းဆောင်ရည် မြှင့်တင်ရေးလှံု့ဆော်မှုများ၊ အားကစားလှုပ်ရှားမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 “ဒီအမျိုးသမီးများနေ့ကို ဒီလိုမျိုးလုပ်ဆောင်တဲ့ဟာကို အစ်မအနေနဲ့ အရမ်းကျေနပ်မှုရှိတယ်။ ဘာလို့လဲဆိုတော့ ဒီလိုလုပ်သွားတယ်ဆိုတာသည် ချက်ချင်းကြီးအစ်မတို့က အပြောင်းအလဲကို လုပ်ယူလို့မရဘူးလေ။ ဟိုးအရှေ့ကတည်းကလဲ ကြိုးစားပြီးတော့မှ နှစ်ပေါင်းများစွာကနေပြီးတော့မှ အပြောင်းအလဲ ရဖို့ဆိုပြီးတော့မှ တစ်ခုချင်းစီကို အစ်မတို့ကဖြေးဖြေးချင်း ကြိုးစားပြီးတော့မှ အမျိုးသမီး အခွင့်အရေးတွေကို အမျိုးသားတွေနဲ့ တန်းတူရဖို့ဆိုပြီးတော့ အစ်မတို့ လုပ်နေခဲ့ကြတယ် ပေါ့နော်” ဟု ရုပ်ရှင်ပါဝင်ပြသသူ မလေးသီတာ ကပြောသည်။

မြန်မာအမျိုးသမီးရက်သတ္တပတ်လှုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကမ္ဘောဇလုပ်ငန်းစုတို့ပူးပေါင်းကာ ရန်ကုန် မန္တလေး နေပြည်တော်နှင့် အခြားမြို့များတွင်လည်း ပြုလုပ်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly