မြန်မာ-ဗီယက်နမ်အကြား စစ်ရေးပိုင်း တိုးမြင့် ပူးပေါင်းဖို့ သဘောတူ

မြန်မာ-ဗီယက်နမ်အကြား စစ်ရေးပိုင်း တိုးမြင့် ပူးပေါင်းဖို့ သဘောတူ

ဗီယက်နမ်နိုင်ငံမှာ အလည်အပတ်ခရီးရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဗီယက်နမ် ထိပ်တန်းစစ်ဘက်ခေါင်းဆောင်တွေ   တွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံအကြား စစ်ရေးပိုင်း တိုးမြင့်ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။

နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းမှုတွေကို ပိုမို ထိရောက်ပြီး လက်တွေ့ကျဖို့အရေး နှစ်နိုင်ငံ စစ်ဘက်ခေါင်းဆောင်တွေအကြား သဘောတူညီနိုင်ခဲ့တာဖြစ်ပါတယ်။

မတ်လ ၅ ရက်စပြီး ဗီယက်နမ်မှာ လေးရက်တာ အလည်အပတ်ခရီးရောက်ရှိနေခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဗီယက်နမ် ကာကွယ်ရေးဝန်ကြီး Ngo Xuan Lich တို့ တွေ့ဆုံခဲ့ပြီးတော့ အဆိုပါသဘောတူညီချက်ကို ရရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါ တွေ့ဆုံမှုမှာတော့ နှစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ တစ်နိုင်ငံချင်းစီက နိုင်ငံရေး၊ လူမှုစီးပွားနဲ့ စစ်ဘက်လုံခြံုရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပြီး စစ်ရေးတည်ဆောက်မှုပိုင်းဆိုင်ရာ အတွေ့အကြံုတွေကိုလည်း အပြန်အလှန် အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာ နှစ်နိုင်ငံအကြား စစ်ရေးပိုင်း ပူးပေါင်းဆောင်ရွက်မှုက မြန်မာ-ဗီယက်နမ်အကြား ပူးပေါင်းဆောင်ရွက်မှုပိုင်းမှာ အဓိကကျခဲ့ကြောင်း ပြောဆိုခဲ့ကြပြီး တာဝန်ရှိသူတွေအနေနဲ့ ယခုနှစ် ၂၀၁၇ နဲ့ လာမယ့် နှစ်တွေထဲမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးသွားခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly