အာဖဂန်နစ္စတန်မြောက်ပိုင်း ဘတ်ဂလန်ပြည်နယ်တွင် မင်္ဂလာဆောင်အခမ်းအနားတစ်ခု ပစ်ခတ်မှုဖြစ်ပွား၍ လူပေါင်း အနည်းဆုံး ၂၀ သေဆုံးခဲ့ပြီး ၁၀ ဒဏ်ရာရရှိခဲ့သည်။
သေဆုံးသူအများစုမှာ အသက် ၁၄ နှစ်မှ ၆၀ ကြားဝန်းကျင်ရှိ မင်္ဂလာပွဲတက်ရောက်လာသည့် ဧည့်သည်များဖြစ်ကြသည်။
ပစ်ခတ်မှုဖြစ်ပွားရာသို့ အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိခဲ့ပြီး သေဆုံးသူဦးရေတိုးလာနိုင်သည်ဟု စိုးရိမ်ရသည့် အခြေအနေရှိသည်။
ယခုပစ်ခတ်မှုသည် ပြည်နယ်ရဲအရာရှိ၏ ဆွေမျိုးတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ပေါ်ပေါက်လာသည့် ပစ်ခတ်မှုဖြစ်ကြောင်း ခရိုင်ရဲမှူး ကာဆန်နီက အေပီသတင်းဌာနသို့ ပြောသည်။
မင်္ဂလာဆောင်တွင် တက်ရောက်ဧည့်သည်ပေါင်း ၄၀၀ ကျော်ပစ်ခတ်မှုဖြစ်ချိန်က ရှိနေကြောင်း၊ ထိုဧည့်သည်များတွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကာလရှည် ရန်လိုမုန်းတီး အချင်းများလျက်ရှိသည် အုပ်စုအဖွဲ့နှစ်လည်း ပါဝင်တက်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
" ကျွန်တော်တို့တွေ အေလောင်းကောက်တော့ ဘယ်ဟာက သေနတ်သမား၊ ဘယ်ဟာက သာမန်လူဆိုတာ ခွဲရခက်နေတယ်။ လက်နက်တစ်စုံတစ်ရာလည်း ရှာမတွေ့ဘူး။"ဟု ခရိုင်ရဲမှူး ကာဆန်နီ ကပြောခဲ့သည်။
ဘတ်ဂလန်ပြည်နယ်သည် တာလီဘန်များ၏ အကြမ်းဖက်မှုများ ဖြစ်ပွားနေသကဲ့သို့ ဒေသတွင်း ဂိုဏ်းဂဏအုပ်စုကွဲများနှင့်ရာဇဝတ်ဂိုဏ်းများ၏ ယှဉ်ပြိုင်တိုက်လိုက်မှုများကြောင့်လည်း တည်ငြိမ်မှုကင်းမဲ့နေ သည့် ပြည်နယ်ဖြစ်သည်။
Ref: BBC