ကျောက်တော်တွင် လေပြင်းတိုက်ခတ် အိမ် ၆၀ နီးပါးပျက်စီးပြီး စက်လှေတစ်စီးနစ်မြှုပ်

ကျောက်တော်တွင် လေပြင်းတိုက်ခတ် အိမ် ၆၀ နီးပါးပျက်စီးပြီး စက်လှေတစ်စီးနစ်မြှုပ်

ယမန်နေ့ညနေ ၆ နာရီခန့်က ကျောက်တော်မြို့နယ်အတွင်း ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် အလယ်ကျွန်း ကျေးရွာအုပ်စု ရွှေပြည်ကျေးရွာတွင် နေအိမ် ၅၁ ဆောင် ပြိုပျက်သွားခဲ့ကြေင်း သိရသည်။

ယင်းအပြင် သာစည်ကျေးရွာတွင် မူလတန်းကျောင်းဆောင် တစ်ဆောင်နှင့် ရွှေလှိုင်ကျေးရွာတွင် ကာလတန်ဖိုး ၃၅ သိန်းခန့်ရှိ ဆန်အိတ် ၁၃၀ ခန့် တင်ဆောင်လာခဲ့သည့် စက်လှေတစ်စင်း နစ်မြှုပ်သွားသွားခဲ့ကြောင်း သိရသည်။

“အိမ်တွေပျက်စီးသွားတာကတော့ လုံးဝပျက်စီးသွားတဲ့အိမ်တွေရှိသလို အမိုးအကာတွေ လန်သွားတဲ့ အိမ်တွေလည်း ရှိပါတယ်။ နောက်ဆက်တွဲအခြေအနေတွေတော့ သိရသေးဘူး ” ဟု အပေါက်ဝကျေးရွာမှ ဦးမင်းစိုးက ပြောသည်။

လက်ရှိအခြေနေတွင် ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးရန်စီစဉ်နေပြီး ရွှေပြည်ကျေးရွာတွင် အိမ်ခြေ ၅ လုံးခန့် တို့မှာ လုံးဝပျက်စီးသွားကြောင် ကျောက်တော် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်အောင်က ဆိုသည်။

လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပျက်စီးသွားသည့်အပြင် ရွှေပြည်ကျေးရွာတွင် ကြက်မွေးခြံများလည်း ပျက်စီးသွားပြီး ကျေးရွာသားများမှာ ယာယီတဲများ ဆောက်လုပ်လျှက်   နေထိုင်နေကြရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly