သီချင်းအယ်လ်ဘမ်အသစ် ထွက်ရှိမည့်ရက် အသေးစိတ်အား CNBLUE အဖွဲ့ကြေညာ

သီချင်းအယ်လ်ဘမ်အသစ် ထွက်ရှိမည့်ရက် အသေးစိတ်အား CNBLUE အဖွဲ့ကြေညာ

ပရိသတ်များ မျှော်လင့်နေကြသော သီချင်းအယ်လ်ဘမ်အသစ် ထွက်ရှိမည့်ရက်နှင့် ပရိတ်သတ်ရှေ့မှောက် တကျော့ပြန်လည် ရောက်ရှိလာမည့် ရက်အတိအကျ အသေးစိတ်အား CNBLUE အဖွဲ့မှ ကြေညာခဲ့သည်။

ယနေ့မတ်လ ရ ရက်နေ့တွင် FNC ဖျော်ဖြေရေးကုမ္ပဏီမှ CNBLUE အဖွဲ့၏ မကြာခင်ထွက်ရှိလာတော့မည့် သီချင်းအယ်လ်ဘမ် ပိုစတာကို ထုတ်ဖော်ပြသခဲ့ပြီး လာမည့်မတ်လ ၂၀ရက်နေ့တွင် အဖွဲ့၏ ရချပ်မြောက် တေးအယ်လ်ဘမ်ဖြစ်သည့် “7℃N” ဖြင့် ပရိသတ်ထံ တကျော့ပြန်လည် ရောက်ရှိလာမည်ဟု ကြေညာခဲ့သည်။

ဒါ့အပြင်သတင်းများအရ CNBLUE အဖွဲ့သည် မတ်လ၆ရက်နေ့တွင် ၄င်းတို့၏ သီချင်းဗွီဒီယိုကို စတင်ရိုက်ကူး နေပြီး အဖွဲ့ခေါင်းဆောင် ဂျန်ယောင်ဟွာက အယ်လ်ဘမ်ခေါင်းစီးသီချင်း စာသားများနှင့် သီချင်းရေးစပ်ရာတွင် ကိုယ်တိုင်ပါ၀င်ထားသည်ဟု သိရသည်။

ယခုအကြိမ်သည် CNBLUE အဖွဲ့၏ တစ်နှစ်အတွင်း ပရိသတ်ရှေ့မှောက် ပြန်လည်ရောက်ရှိလာမည့် ပထမဦး ဆုံးအကြိမ်ဖြစ်ပြီး ပြီးခဲ့သောနှစ် ဧပြီလတွင် Blueming အယ်လ်ဘမ်ကို   နောက်ဆုံးအနေဖြင့် ထွက်ရှိထားကာ ခေါင်းစီးသီချင်းမှာ You’re So Fine ဖြစ်သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly