ဆန်းချက်ဇ်နှင့် အသင်းဖော်များ ပြဿနာတက်သည့်သတင်းကို အာစင်ဝင်းဂါး ငြင်းဆန်

ဆန်းချက်ဇ်နှင့် အသင်းဖော်များ ပြဿနာတက်သည့်သတင်းကို အာစင်ဝင်းဂါး ငြင်းဆန်

မတ် ရ၊ လန်ဒန်။                 ။ လေ့ကျင့်ရေးကွင်းတွင် ဆန်းချက်ဇ်နှင့်အသင်းဖော်များ ပြဿနာတက်သည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကပြောသည်။

လီဗာပူးလ်ကိုရှုံးသည့် စနေနေ့ပွဲ မတိုင်မီ လေ့ကျင့်ရေးကွင်းတွင် ဆန်းချက်ဇ်သည် အသင်းဖော်များနှင့် အပြန်အလှန်ဒေါသတကြီး ပြောဆိုမှုများရှိခဲ့သည်ဟု ယူဆရသည်။

လေ့ကျင့်ရေးကွင်းထဲမှ အဝတ်လဲခန်းသို့သွားရာတွင်လည်း အသင်းဖော်များ၏ရင်ဆိုင်တွေ့ခြင်းနှင့်ကြံုတွေ့ခဲ့ရသည်ဟု သတင်းများထွက်နေခြင်းဖြစ်သည်။

သို့သော်ဝင်းဂါးက “ကျွန်တော်သတိမထားမိပါဘူး။ ဘာမှလည်းမဖြစ်ခဲ့ဘူး”ဟု ပြောသည်။ အာဆင်နယ်အသင်း ၃-၁ ဂိုးဖြင့် ရှုံးသည့် အန်ဖီးလ်ကွင်းတွင်ကစားသောပွဲတွင် ဆန်းချက်ဇ်သည် ပွဲထွက်လူစားရင်းမှ ချန်လှပ်ခံခဲ့ရသော်လည်း လူစားဝင်လာ ပြီးနောက် အာဆင်နယ်အသင်းဂိုးတစ်ဂိုးရအောင် ကစားကွက်ဖော်ပေးနိုင်ခဲ့သည်။

ဆန်းချက်ဇ်သည် လက်ရှိရာသီတွင် ၎င်းကစားထားသည့် ပရီးမီးယားလိဂ် ၂၆ ပွဲ၌ ဂိုး ၂၆ ဂိုးတွင်တိုက်ရိုက်ပါဝင်နေသူဖြစ်ပြီး ၁၇ ဂိုးသွင်းကာ ကိုးဂိုးဖန်တီးပေးထားသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly