ခံစစ်ပိုင်း တိုးတက်ရန် လိုကြောင်း ချယ်လ်ဆီးနည်းပြကွန်တီပြော

ခံစစ်ပိုင်း တိုးတက်ရန် လိုကြောင်း ချယ်လ်ဆီးနည်းပြကွန်တီပြော

မတ် ရ၊ လန်ဒန် ။               ။ ချယ်လ်ဆီးနည်းပြကွန်တီက ၎င်းတို့အနေဖြင့် ခံစစ်ပိုင်းတိုးတက်ရန် လိုကြောင်း ၀က်စ်ဟမ်းနှင့် ပွဲအပြီးတွင် ပြောဆိုလိုက်သည်။

၀က်စ်ဟမ်းကို (၂-၁)ဂိုးဖြင့် နိုင်ခဲ့သော်လည်း Clean Sheet မရဘဲ နောက်ဆုံးမိနစ်တွင် ချေပဂိုး(၁)ဂိုး ပေးခဲ့ရခြင်းကို ကန်တီက မကျေမနေ ဖြစ်နေခြင်း ဖြစ်သည်။ ချယ်လ်ဆီးသည် ယင်းပွဲအနိုင်ကြောင့် အမှတ်ပေးဇယား ဒုတိယနေရာမှ စပါးကို (၁၀)မှတ်အထိ ဖြတ်ထားနိုင်ခဲ့သည်။ သို့သော် ပရီးမီးယားလိဂ်နောက်ဆုံး(၄)ပွဲတွင် တစ်ပွဲမှ Clean Sheet မရခဲ့ပေ။

ကွန်တီက ''နောက်ဆုံးမိနစ်မှာ ဂိုးပေးလိုက်ရတာ စိတ်ပျက်စရာပါ။ Clean Sheet ရနိုင်ရဲ့သားနဲ့ ဒီအခွင့်အရေးကို လက်လွှတ်လိုက်တာဟာ သိပ်တော့ မကောင်းပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ခံစစ်ပိုင်းက ပိုကောင်းဖို့ လိုပါတယ်' ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း-ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly