ရိုးမားသို့အငှားသွားကစားမည်ဟု အာဆင်နယ်ဂိုးသမား ဆက်ဇီနီအတည်ပြု

ရိုးမားသို့အငှားသွားကစားမည်ဟု အာဆင်နယ်ဂိုးသမား ဆက်ဇီနီအတည်ပြု

ဇူလိုင် ၂၇၊ လန်ဒန် ။       ။ စီးရီးအေကလပ် ရိုးမားအသင်းသို့အငှားဖြင့်သွားရောက်ကစားမည်ဟု အာဆင်နယ်ဂိုးသမား ဆက်ဇီနီက အတည်ပြုပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းသည် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ချယ်လ်ဆီးဂိုးသမား ပီတာချက်ကိုခေါ်ယူလိုက်သဖြင့် ဆက်ဇီနီမှာ ရိုးမားသို့အငှားသွား ကစားရန် ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ကျန်ဂိုးသမားများဖြစ်သည့် အော့စပီနာနှင့် မာတီနက်ဇ်တို့မှာ ၂၀၁၅-၁၆ ရာသီသစ်တွင် ပီတာချက်နှင့် ပွဲထွက်ခွင့်ပြိုင်ဆိုင် ရမည်ဖြစ်သည်။ အသက် ၂၅ နှစ်အရွယ်ရှိ ဆက်ဇီနီသည် အငှားစာချုပ်အတွက် တနင်္လာနေ့တွင် ရောမသို့သွားရောက်မည်ဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့သည်။

"ကောင်းသောညနေခင်းပါ ရိုးမားပရိသတ်ကြီးရေ။ မနက်ဖြန်ရောမကိုလာရတော့မှာဖြစ်လို့ ကျွန်တော်သိပ်ပျော်တယ်။ အဲဒီမှာတွေ့ကြမယ်" ဟု တနင်္ဂနွေနေ့တွင် ဆက်ဇီနီက ၎င်း၏ကိုယ်ပိုင်လူမှုကွန်ယက်ဝက်ဘ်ဆိုက်၌ ရုပ်သံဗွီဒီယိုတစ်ခု တင်ပြီး ပြောဆိုခဲ့သည်။

အငှားဖြင့်သွားရောက်ကစားရခြင်းမှာ ဆက်ဇီနီအတွင် အာဆင်နယ်အသင်းတွင် အနာဂါတ်အဆုံးသတ်သွားခြင်း မဟုတ်ဟု နည်းပြအာစင်ဝင်းဂါးကပြောသည်။

"ဒီမှာ သူ့အနာဂါတ်ရှိပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်သူ့လက်စွမ်းကို သဘောကျလို့ပါ။ သူ့မှာ အတွေ့ အကြုံတွေလည်း များပါတယ်"ဟု အာစင်ဝင်းဂါးက ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags