အင်တာသို့ ပြောင်းမည်ဆိုသည့်သတင်းများကို ချယ်လ်ဆီးနည်းပြကွန်တီ ငြင်း

အင်တာသို့ ပြောင်းမည်ဆိုသည့်သတင်းများကို ချယ်လ်ဆီးနည်းပြကွန်တီ ငြင်း

လန်ဒန်၊ မတ် ၄ ။                ။ ချယ်လ်ဆီးနည်းပြကွန်တီက ၎င်းအနေဖြင့် အီတလီကလပ် အင်တာမီလန်သို့ ပြောင်းရန် စီစဉ်နေသည့် ဆိုသော သတင်းများကို ငြင်းဆိုလိုက်သည်။

ကွန်တီသည် ယခုရာသီအစကမှ ချယ်လ်ဆီးသို့ ရောက်ရှိလာသူဖြစ်ပြီး အသင်းကို ပရီးမီးယားလိဂ်တွင် ဗိုလ်စွဲရန် အကောင်းဆုံးအနေအထားရောက်အောင် စွမ်းဆောင်ပေးထားနိုင်သည်။ သို့သော် ကွန်တီအနေဖြင့် အင်တာသို့ ပြောင်းရွှေ့ဖွယ်ရှိသည်ဟု အီတလီမီဒီယာများက ဖော်ပြခဲ့သည်။

ကွန်တီက "အခြေအနေက ရှင်းပါတယ်။ ချယ်လ်ဆီးနဲ့ ကျွန်တော် စာချုပ်ချုပ်ထားတယ်။ ဒီအသင်းကို တည်ဆောက်နေတယ်။ ကျွန်တော် ဒီမှာ ပျော်ပါတယ်။ မီဒီယာဖော်ပြနေတာတွေက မမှန်ပါဘူး"ဟု ဆိုခဲ့သည်။ရည်ညွှန်း - ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly