စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှု မရှိခဲ့ရင် မန်ယူကွင်းလယ်ကစားသမား ကာရစ် အနားယူရန် အဆင်သင့်ဖြစ်နေ

စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှု မရှိခဲ့ရင် မန်ယူကွင်းလယ်ကစားသမား ကာရစ် အနားယူရန် အဆင်သင့်ဖြစ်နေ
(ဓာတ်ပုံ - အီးပီအေ)

မိုက်ကယ်ကားရစ်က နွေရာသီမှာ မန်ချက်စတာယူနိုက်တက်အနေနဲ့ သူ့ကို စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းမှု မရှိခဲ့ပါက ကစားသမားဘဝကနေ အနားယူဖွယ်ရှိတယ်လို့ ပြောပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ ကားရစ်ဟာ ၂၀၀၆ ခုနှစ်၊ ဇူလိုင်လက စပါးအသင်းမှ ပြောင်းရွှေ့လာပြီး လက်ရှိအချိန်ထိ မန်ယူအသင်းမှာ ရှိနေပါတယ်။ ၎င်းရဲ့ လက်ရှိ တစ်နှစ်စာချုပ်ဟာ ဇွန်လကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

ကာရစ်အတွက် ဂုဏ်ပြုပွဲကို လာမယ့် ဇွန်လ ၄ ရက်နေ့မှာ အိုးထရတ်ဖို့ဒ်မှာ ပြုလုပ်ပေးသွားမယ်လို့ မန်ယူအသင်းက ကြေညာထားပါတယ်။

လက်ရှိရာသီမှာ မန်ယူအတွက် ၂၂ ပွဲကစားပေးခဲ့တဲ့ ကာရစ်က တခြားအင်္ဂလန်ကလပ်အသင်းတွေဆီ မပြောင်းရွှေ့လိုဘူးလို့ ပြောပါတယ်။

"ကျနော် ဘယ်သူ့အတွက်မဆို ကစားပေးဖို့ ကိုယ့်ကိုကိုယ် ပုံဖော်ကြည့်လို့ မရဘူး။ သေချာတာကတော့ အင်္ဂလန်မှာ ရှိတဲ့ ဘယ်ကလပ်အသင်းအတွက်မဆိုပေါ့"လို့ ကာရစ်က ပြောပါတယ်။

အသင်းခေါင်းဆောင် ဝိန်းရွန်နီပြီးနောက် အိုးထရတ်ဖို့ဒ်မှာ ကစားတဲ့ ဒုတိယအသက်တမ်းအရှည်ဆုံး ကစားသမားဖြစ်ပြီး သရဲနီတို့အတွက် ပွဲပေါင်း ၄၀၀ ကျော် ကစားပေးခဲ့သူဖြစ်ပါတယ်။ ဆုဖလားအနေနဲ့ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ၂၀၀၈ မှာ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ ၂၀၁၆ မှာ အက်ဖ်အေဖလားနှင့် EFL လိဂ်ဖလား ၃ ကြိမ် ဆွတ်ခူးရရှိခဲ့ပါတယ်။

စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှု မရှိခဲ့ရင် ကာရစ်က သူ့အနေနဲ့ "အနားယူဖို့ ဖြစ်နိုင်ပါတယ်။ ကျိန်းသေ မပြောနိုင်ပေမယ့် တော်တော်လေး ဖြစ်ဖို့များပါတယ်"လို့ ပြောပါတယ်။

Ref; BBC Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly