ဘာစီလိုနာ နည်ပြရာထူးနေရာကို စိတ်မဝင်စားဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး ပြော

ဘာစီလိုနာ နည်ပြရာထူးနေရာကို စိတ်မဝင်စားဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး ပြော
(ဓာတ်ပုံ - အီးပီအေ)

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ၎င်းအနေဖြင့် ဘာစီလိုနာနည်းပြရာထူးကို စိတ်ဝင်စားခြင်းမရှိကြောင်း ကြာသပတေးနေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

နည်းပြ လူးဝစ်အင်းနရစ်ဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာသွားမယ်လို့ အတည်ပြုပြောဆိုခဲ့ပြီးနောက်မှာ ဘာစီလိုနာနည်းပြသစ် ဖြစ်လာနိုင်သူစာရင်းမှာ အာစင်ဝင်းဂါး ပါဝင်လာတာဖြစ်ပေမယ့် အာဆင်နယ်အသင်းမှာ ဆက်နေရန် ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

မီဒီယာတွေက ဘာစီလိုနာနည်းပြနေရာ အစားထိုးမယ့် အလားအလာရှိတဲ့ နည်းပြတွေအဖြစ် ဗယ်လ်ဗာဒီ(ဘီလ်ဘာအို)၊ ဆမ်ပါအိုလီ(ဆီဗီလာ)၊ လောရင့်ဘလန့်၊ ရော်နယ်လ်ကိုးမင်း(အဲဗာတန်)နှင့် ပိုချက်တီနို(စပါး)တို့ကို ဖော်ပြထားပါတယ်။

"ကျွန်တော့်စိတ်ကူးတွေက အရင်အတိုင်းပါပဲ။ ဘယ်တော့မှလဲ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ တခြားကလပ်တွေက ရာထူးနေရာမျိုးကို ရှာဖွေနေတာ မဟုတ်သလို၊ အခြားသူတွေအတွက်လဲ အလုပ်တွေ မရှာပေးနိုင်ပါဘူး။ လက်ရှိအသင်းကို နောက်တစ်ဆင့် ပိုတိုးတက်ကောင်းအောင် တည်ဆောက်သွားဖို့ပဲ အာရုံစိုက်ထားပါတယ်"လို့ ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ အာဆင်ဝင်းဂါးက ပြောပါတယ်။

အာဆင်နယ်အသင်းနဲ့အတူ နှစ်ပေါင်း ၂၀ ရှိနေတဲ့ အသက် ၆၇ နှစ်အရွယ်ရှိ ဝါရင့်နည်းပြ အာဆင်ဝင်းဂါးဟာ ရာသီကုန်မှာ ၎င်းရဲ့ စာချုပ် သက်တမ်းကုန်တော့မှာဖြစ်တဲ့အတွက် အသင်းက ၂ နှစ်စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းတာ ရှိနေပါတယ်။

စပို့တင်းဂီဂျွန်ကို ၆-၁ ဂိုးနဲ့ အနိုင်ပြီးတဲ့နောက်မှာ ဘာစီလိုနာကို ၃ ရာသီကိုင်တွယ်ထားတဲ့ အသက် ၄၆ နှစ်အရွယ် နည်းပြ အင်းနရစ်ဟာ လက်ရှိရာသီကုန်ဆုံးချိန်မှာ အသင်းနဲ့အတူ လမ်းခွဲတော့မယ်လို့ ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲမှာ ကြေညာသွားခဲ့ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly