ကင်ဂျုံးနမ်ရုပ်အလောင်းထားရာ ရင်ခွဲရုံကို မလေးရှားက လက်နက်ကိုင်အစောင့်များ ချထား

ကင်ဂျုံးနမ်ရုပ်အလောင်းထားရာ ရင်ခွဲရုံကို မလေးရှားက လက်နက်ကိုင်အစောင့်များ ချထား

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၂၁ ။              ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ရဲ့ လုပ်ကြံခံရသော ဖအေတူမအေကွဲ အစ်ကိုဖြစ်သူရဲ့ ရုပ်အလောင်းထားရာ ရင်ခွဲရုံကို မလေးရှားက လက်နက်ကိုင်အစောင့်များ ချထားပါတယ်။ ရုပ်အလောင်းက မည်သူမည်ဝါခွဲခြားအတည်ပြုရန်အတွက် ကင်ဂျုံးနမ်ရဲ့သား ရောက်ရှိနေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး မလေးရှားတာဝန်ရှိသူတွေက ငြင်းဆန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကွာလာလမ်ပူလေဆိပ်ခံရတဲ့ ကင်ဂျုံးနမ်ရဲ့ ရုပ်အလောင်းနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနဲ့ မလေးရှားနိုင်ငံကြား သံတမန်ဆက်ဆံရေးက ထမင်းရည်ပူစည်းကို ရောက်နေပါတယ်။ မြောက်ကိုရီးယား ရုပ်အလောင်းကို မရမက တောင်းနေပြီး အလောင်းခွဲစိတ်စစ်ဆေးတာကိုလည်း ကန့်ကွက်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားဖက်က တောင်းဆိုချက်တွေကို မလေးရှားက ပယ်ချပြီး ရုပ်အလောင်းကို မိသားစုဝင်တစ်ယောက်ယောက်ရဲ့ ဒီအိုင်အေနဲ့ တိုက်စစ်ကိုက်ညီခြင်း မရှိမချင်း ရင်ခွဲရုံမှာပဲ ထားသွားမှာဖြစ်ကြောင်း ပြောပါတယ်။

ကင်ဂျုံးနမ်ရဲ့သားဖြစ်သူ ကင်ဟန်ဆိုးက မကာအိုကနေ ဖေဖော်ဝါရီ ၂၀ ရက်ညမှာ ကွာလာလမ်ပူကို ရောက်ရှိလာတယ်လို့ ဒေသတွင်းသတင်းတွေနဲ့   ထောက်လှမ်းရေးသတင်းရင်းမြစ်တွေက   ပြောပေမယ့် အေအက်ဖ်ပီက ကွာလာလမ်ပူမြို့မှာ ကင်ဟန်ဆိုး ရောက်ရှိနေတာကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဖေဖော်ဝါရီ ၂၁ ရက် နံနက်အစောပိုင်းမှာတော့ မလေးရှားအထူးတပ်ဖွဲ့ဝင်တွေ ဒါဇင်များစွာ စောင့်ကြပ်နေတဲ့ ရင်ခွဲရုံရှိရာ ဆေးရုံဝင်းထဲ ကားလေးစီးပါ ယာဉ်တန်း မောင်းနှင်ဝင်ရောက်သွားတာကို   တွေ့ရှိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly