တူရကီနိုင်ငံ လေတပ်တိုက်လေယာဉ်များက ဆီးရီးယားရှိ အိုင်အက်စ်ပစ်မှတ်များကို လေကြောင်းထိုးစစ်များ တိုက်ခိုက်ပြီး အီရတ်မြောက်ပိုင်းတွင်လည်း ကာ့ဒ်တိုက်ခိုက်ရေးသမားများကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။
ယခုလေကြောင်းထိုးစစ်သည် အိုင်အက်စ်တို့အပေါ် တူရကီ၏ ဒုတိယမြောက်ဆက်တိုက်ထိုးစစ်ဖွင့်ခြင်းဖြစ်သည်။
တူရကီရှိ ဆူရပ်မြို့တွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ဗုံးပေါက်ကွဲ၍ လူပေါင်း ၃၂ ဦးသေဆုံးပြီးနောက် ယင်းစစ်ဆင်ရေးများ ကိုဆင်နွှဲ လာခြင်းဖြစ်သည်။
အီရတ်ရှိ ကာ့ဒ်တိုက်ခိုက်ရေးအဖွဲ့ဖြစ်သည့် ကာဒစ်စတန်အလုပ်သမားပါတီနှင့် ၂၀၁၃ ခုနှစ်က အပစ်ရပ်ပြီးနောက်ပိုင်းမှ စကာ ပထမဆုံးပြန်လည်တိုက်ခိုက်ခြင်းဖြစ်သည်။
ယင်းကာ့ဒ်တပ်ဖွဲ့က တူရကီထံမှ ဆယ်စုနှစ်များစွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တောင်းဆိုတိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည်။
ကာ့ဒ်တပ်ဖွဲ့က ဇူလိုင် ၂၂ ရက်က တူရကီရဲနှစ်ဦးကို သတ်ဖြတ်လိုက်ရကြောင်း၊ ယင်းရဲများက လက်ဝဲယိမ်းတက်ကြွ လှုပ်ရှားသူ များကိုပစ်မှတ်ထားကာ ဖောက်ခွဲခဲ့သည့် ဆူရပ်မြို့ ဗုံးဖေါက်ခွဲမှုတါင် အိုင်အက်စ်တို့နှင့် ပူးပေါင်းခဲ့ကြ သူများဖြစ်ကြောင်းပြော ကြားသည်။
ကာ့ဒ်တပ်ဖွဲ့အပေါ် လေကြောင်းမှ တိုက်ခိုက်ရာခဲ့ရာတွင် အီရတ်မြောက်ပိုင်းရှိ ကာ့ဒ်တပ်ဖွဲ့ စခန်းများ၊ ကတုတ်ကျင်းများ၊ ကုန်လှောင်ရုံများနှင့် ထောက်ပို့စခန်းများကို တိုက်ခိုက်ခဲ့ကြောင်း တူရကီအစိုးရက ဇူလိုင် ၂၅ ရက်ထုတ်ပြန်ချက် တွင်ဖော်ပြ ထားသည်။
Ref: BBC