လာမည့်ရာသီတွင် နည်းပြအလုပ်ကို လုပ်ဦးမည်ဟု အာစင်ဝင်ဂါးပြော

လာမည့်ရာသီတွင် နည်းပြအလုပ်ကို လုပ်ဦးမည်ဟု အာစင်ဝင်ဂါးပြော

ဖေဖော်ဝါရီ ၁၈၊ လန်ဒန်။               ။ လာမည့်ရာသီတွင် အာဆင်နယ် သို့မဟုတ် အခြားအသင်းတွင် နည်းပြအဖြစ် ဆက်လက်လုပ်ကိုင်ဦးမည်ဟု အာစင်ဝင်းဂါးက ပြောသည်။

အာဆင်နယ်နည်းပြအဖြစ် လုပ်ကိုင်လာသည့် ဆယ်စုနှစ် နှစ်ခုအတွင်း အဆူညံဆုံး ရက်သတ္တပတ်တစ်ခု၏အဆုံးတွင် အသက် ၆၇ နှစ်အရွယ် ဝင်းဂါးက ထုတ်ပြောလိုက်ခြင်းဖြစ်သည်။

ချန်ပီယံလိဂ်တွင် ဘိုင်ယန်မြူးနစ်ကို ၅-၁ ဂိုးဖြင့် ရှုံးပြီးနောက် ကစားသမားဟောင်း အတော်များများက ဝင်းဂါး၏အာဆင်နယ် နည်းပြဘဝ အဆုံးသတ်ချိန် ရောက်လာနေပြီဟု ယုံကြည်နေကြသည်။

ပြင်သစ်လူမျိုးနည်းပြ၏ စာချုပ်သည် လက်ရှိ ဘောလုံးရာသီအကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်အတွက် မတ် သို့မဟုတ် ဧပြီတွင် စာချုပ်သစ်အတွက် ဆုံးဖြတ်မည်ဟု ပြောဆိုထားသည်။

“ဘာပဲဖြစ်ဖြစ် နောက်တစ်ရာသီတော့ နည်းပြလုပ်ဦးမယ်။ ဒီမှာပဲဖြစ်ဖြစ် တခြားနေရာမှာပဲ ဖြစ်ဖြစ်ဆိုတာ သေချာပါတယ်။ ကျွန်တော်လဲ မသိနိုင်လို့ မတ်၊ ဧပြီလောက်မှ ဆုံးဖြတ်မယ်လို့ ပြောတာပါ။ အဲဒါကို ကျွန်တော်ထပ် မပြောချင်ပါဘူး။

ဝေဖန်မှုတွေနဲ့ အသားကျနေပါပြီ။ ဘဝမှာအတွေးမှန်ဖို့ အရေးကြီးတယ်လို့ ကျွန်တော်ခံယူထားပြီး ကျန်တာကတော့ အဆုံးအဖြတ် ကို ခံယူရပါလိမ့်မယ်။ ကျွန်တော်က လူအများနဲ့ဆိုင်တဲ့အလုပ်ကို လုပ်နေရသူဖြစ်လို့ အဲဒါကိုလက်ခံရပါလိမ့်မယ်။

ဒါပေမဲ့ ကျွန်တော်ဟာ ကိုယ့်တန်ဖိုးအတိုင်း ပြုမူရမှာပါ”ဟု အာစင်ဝင်းဂါးက ပြောသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly