ဂျော့ကလူးနီ၏ မိခင်က သားဖြစ်သူသည်ယောင်္ကျားလေးနှင့် မိန်းကလေးအမြွှာနှစ်ဦးရတော့မည်ဟု ပြော

ဂျော့ကလူးနီ၏ မိခင်က သားဖြစ်သူသည်ယောင်္ကျားလေးနှင့် မိန်းကလေးအမြွှာနှစ်ဦးရတော့မည်ဟု ပြော

ဂျော့ကလူးနီ၏ မိခင်ဖြစ်သူသည် အမြွှာကလေးနှစ်ဦး၏ အဘွားဖြစ်ရတော့မည့်အတွက် အလွန်ကိုစိတ်လှုပ်ရှား ဝမ်းသာနေသည်ဟုပြောခဲ့သည်။

နီနာကလူးနီသည် ချွေးမဖြစ်သူ အေမယ်လ်က လူးနီလွယ်ထားရသော အမြွှာကိုယ်ဝန်သည် ယောင်္ကျားလေးနှင့် မိန်းကလေးတစ်ဦးဖြစ်သည်ဟု ဖွင့်ချပြောဆိုခဲ့သည်။

“ကိုယ်ဝန်ကယောင်္ကျားလေးနဲ့ မိန်းကလေးအမြွှာပါ။ ကျွန်မကို အဲ့လိုပြောခဲ့ကြတာပါ” ဟု ဂျော့ကလူးနီ၏ မိခင်ဖြစ် သူက Vogue မဂ္ဂဇင်းသို့ပြီးခဲ့သော ရက်ပိုင်းကပြောခဲ့သည်။

အလွန်ကိုထူးကဲလှပြီး ကျွန်မနဲ့ ကျွန်မခင်ပွန်းဖြစ်သူတို့ဟာ တကယ့်က ိုစိတ်လှုပ်ရှားဝမ်းသာနေပါတယ် ဟု သူမက ဖြည့်စွက်ပြောကြားခဲ့သည်။

အေမယ်လ်နှင့် ဂျော့ကလူးနီတို့သည်လွန်ခဲ့သော ၂၀၁၄ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ဇနီး၏ ကိုယ်ဝန်အကြောင်းကို ဂျော့သည် သူငယ်ချင်းဖြစ်သူ မင်းသားမက်ဒေမွန်အား ပထမဦးဆုံးပြောပြခဲ့သည်။

အေမယ်လ်သည် လာမည့်ဂျွန်လတွင် အမြွှာကလေးငယ်နှစ်ဦးကို ဖွားမြင်တော့မည်ဆိုပြီး မွေးရက်ကို ဂျော့၏ အမေက အတည်ပြုခဲ့ပါသည်။ ဂျော့တို့စုံတွဲနှစ်ဦးကတော့ အဆိုပါ အမြွှာကိုယ်ဝန်နှင့် ပတ်သက်၍ ယခုအချိန်ထိ မှတ်ချက်မပေးရသေးကြောင်း သိရသည်။

Ref: Enews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly