အာဆင်နယ်နည်းပြရာထူးကိုစွန့်ခွာရန် အာစင်ဝင်းဂါးအသင့်ဖြစ်နေ

အာဆင်နယ်နည်းပြရာထူးကိုစွန့်ခွာရန် အာစင်ဝင်းဂါးအသင့်ဖြစ်နေ

ဖေဖော်ဝါရီ ၁၇၊ လန်ဒန်။         ။ အာစင်ဝင်းဂါးသည် ၂၁ ကြာလုပ်ကိုင်လာသော အာဆင်နယ်နည်းပြဘဝကို နောက်ဆုံးတွင်ရပ်တန့်ပစ်လိုက်ရန် ပြင်ဆင်နေပြီဟု   မေးလ်အွန်လိုင်း သတင်းတွင်ဖော်ပြထားသည်။

အသင်း၏ အဓိကရှယ်ရာရှင်စတန်ခရွန်ကီသည် အာစင်ဝင်းဂါးကို ဆက်လက်ထောက်ခံနေဆဲဖြစ်ပြီး ရာသီကုန်တွင်နှစ်နှစ်စာချုပ် သစ် ချုပ်စေချင်နေသည်။

သို့သော် အာစင်ဝင်းဂါးထွက်ခွာတော့မည်ဆိုသည့် ယုံကြည်မှုများသည်လည်း အမ်းမရိတ်စ်တွင် တိုးပွားလာနေသည်။ ဘိုင်ယန် မြူးနစ်ကို ၅-၁ ဂိုးဖြင့်ရှုံးလိုက်ခြင်းကလည်း ဝင်းဂါးနှင့် ပတ်သက်ပြီး တင်းမာနေမှု အခြေအနေများကို ပိုဆိုးသွားစေခဲ့သည်။

မြူးနစ်တွင် ကစားသောယင်းပွဲ၌ အဝတ်လဲခန်းအတွင်း စီနီယာကစားသမားများဦးဆောင်သည့် တင်းမာမှုများဖြစ်ပေါ်ခဲ့သည်။ အ သင်းဖော်များ၏ အားထုတ်မှုလျော့နည်းနေခြင်းအပေါ် ကွင်းလယ်လူချမ်ဘာလိန်က ကွင်းအတွင်းအော်ဟစ်ကြိမ်းမောင်းနေပုံကို လည်း တွေ့မြင်ခဲ့ရသည်။

ပရိသတ်များအကြားအမြင်ကွဲပြားမှုရှိနေသည်ကိုလည်း ဝင်းဂါးကသတိပြုမိနေပြီး ၎င်းကိုထွက်သွားစေချင်သည့် ပရိသတ်အရေ အတွက် တိုးပွားလာနေသည်။

မည်သည့်အခါတွင်မှစာချုပ်ကိုဖျက်သိမ်းရန်ဆန္ဒမရှိသည့် အာစင်ဝင်းဂါးအနေဖြင့် ရာသီမကုန်မီနုတ်ထွက်မည်မဟုတ်ပေ။ သို့သော် ဖလားလက်မဲ့နောက်တစ်ရာသီကိုထပ်မံဖြတ်သန်းပြီး စာချုပ်သစ်ချုပ်မည်ဆိုလျှင်မူ ပရိသတ်များ၏မနှစ်မြို့မှု ပိုမိုးဆိုးဝါး လာမည်ကို ဝင်းဂါးကနားလည်ထားသည်။

အာဆင်နယ်အသင်းအနေဖြင့် ကွာတာအဆင့်သို့ရောက်နေသည့် အက်ဖ်အေဖလားတွင်ဗိုလ်စွဲရန်မျှော်လင့်နိုင်သေးသည်။ အက်ဖ်အေဖလားရပြီး ပရီးမီးယားလိဂ်အဆင့် ၄ အတွင်းဝင်ပါက စာချုပ်သစ်အတွက်ထောက်ခံမှုတိုးလာနိုင်သော်လည်း အသင်း၏ဆုဖလားမျှော်လင့်ချက်ပျောက်ကွယ်နေမှုက ဝင်းဂါး၏စိတ်ကိုဖိစီးစေလျှက်ရှိနေသည်။

အနာဂါတ်နှင့်ပတ်သက်ပြီး မတ် သို့မဟုတ် ဧပြီတွင် ဆုံးဖြတ်မည်ဟုလည်း အာစင်ဝင်းဂါးက ပြောဆိုထားသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly