ဝေဖန်မှုများကို အာစင်ဝင်းဂါးဖြေရှင်းနိုင်စွမ်းရှိဟု အန်ဆလော့တီထောက်ခံ

ဝေဖန်မှုများကို အာစင်ဝင်းဂါးဖြေရှင်းနိုင်စွမ်းရှိဟု အန်ဆလော့တီထောက်ခံ

ဖေဖော်ဝါရီ ၁၅၊ မြူးနစ်။               ။ ဘိုင်ယန်းမြူးနစ်နည်းပြကာလိုအန်ဆလော့တီသည် အာစင်ဝင်းဂါးကိုလေးစားကြောင်းပြသခဲ့ပြီး အာဆင်နယ်နည်းပြနေဖြင့် ဝေဖန်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိသည်ဟုပြောသည်။

ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိရန်ကြိုးပမ်းမှုအဆင်မပြေဖြစ်နေပြီးနောက် ပြင်သစ်လူမျိုးနည်းပြ၏အနာဂါတ်နှင့်ပတ်သက်ပြီး သတင်းများထွက်ပေါ်နေကာ ပရိသတ်အချို့ကလည်း ဝင်ဂါးထွက်သွားရန်တောင်းဆိုနေကြသည်။

အန်ဆလော့တီကမူ ဝင်းဂါးအနေဖြင့် ၎င်း၏စွမ်းဆောင်ခဲ့မှုများအတွက် ချီးမြှောက်ခံရသင့်သည်ဟု ယုံကြည်နေသည်။ “သူက နာမည်တစ်ခုနဲ့ ဘောလုံးကစားဟန်ကောင်းတစ်ခုကို အခိုင်အမာတည်ဆောက်နိုင်ခဲ့သူပါ။

ကျွန်တော်တို့ရဲ့အလုပ်မှာ ဝေဖန်ခံရတာက ပုံမှန်အခြေအနေပဲဆိုတာကို ဝင်းဂါးကောင်းကောင်းသိတဲ့ အတွေ့အကြုံရှိပါတယ်။ သူအာဆင်နယ်မှာလုပ်ပြခဲ့တာတွေအတွက် ကျွန်တော်အများကြီးလေးစားပါတယ်”ဟု အန်ဆလော့တီက ပြောသည်။

ချယ်လ်ဆီးနည်းပြဟောင်းအန်ဆလော့တီသည် ဗုဒ္ဓဟူးနေ့၊ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ဂျာမနီတွင် ကစားရမည့်ပွဲမတိုင်မီ ယင်းသို့ထုတ်ပြောလိုက်ခြင်းဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly