ခြေဖဝါးရိုး ကျိုးသွားသည့်ဂျီးဆပ်စ် ရာသီကုန်ထိ နားရမည်ကို မန်စီးတီးအသင်း စိုးရိမ်နေ

ခြေဖဝါးရိုး ကျိုးသွားသည့်ဂျီးဆပ်စ် ရာသီကုန်ထိ နားရမည်ကို မန်စီးတီးအသင်း စိုးရိမ်နေ

ဖေဖော်ဝါရီ ၁၅၊ မန်ချက်စတာ။               ။ တနင်္လာနေ့တွင် ဘုန်းမောက်အသင်းကို ၂-၀ ဂိုးဖြင့်အနိုင်ရခဲ့သော ပရီးမီးယားလိဂ်ပွဲ၌ရရှိခဲ့သော ဂျီးဆပ်စ်၏ဒဏ်ရာမှာ   ခြေဖဝါးရိုးတစ်ချောင်း ကျိုးသွားခြင်းဖြစ်ကြောင်း သိရပြီးနောက် မန်ချက်စတာစီးတီးအသင်းသည် ယင်းတိုက်စစ်မှူး ရာသီကုန်ထိ အနားယူရမည်ကို စိုးရိမ်ပူပန်နေသည်။

အသက် ၁၉ နှစ်အရွယ်ဘရာဇီးတိုက်စစ်မှူးအနေဖြင့် ခွဲစိတ်ကုသမှုခံယူရနမည်ဖြစ်ပြီး ရာသီကုန်ထိအနားယူရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။

ယင်းမှာ ပြီးခဲ့သည်လကမှ ပါးမီးယက်စ်မှပေါင် ၂၇ သန်းဖြင့်ပြောင်းလာပြီးခြေစွမ်းပြနေသည့် ဂျီးဆပ်စ်အတွက် ထိခိုက်မှုကြီး တစ်ခုလည်းဖြစ်သည်။

ခြေဖဝါးရိုးကျိုးထားသူများ အနေဖြင့် လေးပတ်မှရှစ်ပတ်အထိ မည်သည့်လေ့ကျင့်ခန်းမှ မလုပ်ဘဲ အနားယူရမည်ဟု ဆေးပညာရှင် များက အကြံပေးထားပြီး လူနာအနေဖြင့် လမ်းလျှောက်သည့်အခါ အကာအကွယ်ဖိနပ် စီးရမည်ဖြစ်သည်။

ဂျီးဆပ်စ်ဒဏ်ရာရသွားသဖြင့် အာဂျင်တီးနားတိုက်စစ်မှူးအဂူရိုမှာ အသင်းတွင်နေရာပြန်ရလာဖွယ်ရှိနေသည်။ အဂူရိုသည် ပုံမှန် ပွဲထွက်ခွင့်ပျောက်နေ၍ နွေရာသီတွင်အသင်းပြောင်းမည်ဟု သတင်းထွက်နေသူဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly