၂၀၁၇ ခုနှစ်အတွက် ဥရောပသီချင်း ဗီဒီယိုဆုပေးပွဲအား ဂီတဗဟိုအချက်အချာ လန်ဒန်မြို့တွင် ကျင်းပမည်

၂၀၁၇ ခုနှစ်အတွက် ဥရောပသီချင်း ဗီဒီယိုဆုပေးပွဲအား ဂီတဗဟိုအချက်အချာ လန်ဒန်မြို့တွင် ကျင်းပမည်

ဥရောပသီချင်း ဗီဒီယိုဆုပေးပွဲအား ယခုနှစ်တွင် လန်ဒန်မြို့၌ကျင်းပမည်ဖြစ်ကြောင်း ချန်နယ်အမ်တီဗီမှ အင်္ဂါနေ့ တွင်ကြေညာခဲ့ပြီး ဗြိတိန်မြို့တော်လန်ဒန်တွင် အဆိုပါ ဆုပေးပွဲအား မကျင်းပရသည်မှာ နှစ်ပေါင်း၂၀ကျော်ကြာ မြင့်ခဲ့ပြီးဖြစ်သည်။

သီချင်းဗီဒီယိုဆုပေးပွဲ အခမ်းအနားအား ဥရောပရှိမြို့အသီးသီးမှ နှစ်စဉ်အိမ်ရှင်အဖြစ် လက်ခံကျင်းပလေ့ရှိပြီး ပြီးခဲ့သော နှစ်တွင် နယ်သာလန်နိုင်ငံ ရော့တာဒမ်မြို့ရှိ Ahoy အားကစားကွင်းကြီးတွင် ကျင်းပခဲ့ကာ အဆိုတော် အများအပြားမှ ဖျော်ဖြေခဲ့သည်။

“လန်ဒန်မြို့ဟာ ကမ္ဘာ့ဂီတလောကရဲ့ ဗဟိုအချက်အချာကျသော မြို့တစ်ခုဖြစ်ပါတယ်” ဟု သီချင်းဗီဒီယို ထုတ်လုပ်သော Viacom နိုင်ငံတကာ မီဒီယာကွန်ယက်မှ အကြီးအကဲဖြစ်သူ   ဒေးဗစ်လင်းက ပြောခဲ့သည်။

“ဒီဆုပေးပွဲ အခမ်းအနားကို ကျင်းပတဲ့နေရာတိုင်းမှာ အံ့သြစရာကောင်းလောက်အောင် စိတ်တက်ကြွလှုပ်ရှားဖွယ် အခြေအနေတွေကို ဖန်တီးပေးနိုင်စွမ်းရှိပါတယ်” ဟု သူကဆက်ပြောခဲ့သည်။

လန်ဒန်မြို့တွင် ယခုဆုပေးပွဲအခမ်းအနားကို ၁၉၉၆ခုနှစ်တွင် နောက်ဆုံးကျင်းပခဲ့ပြီးဖြစ်ပြီး ၂၀၁၇ခုနှစ်အတွက် ဆုပေးပွဲအခမ်းအနားကို လာမည့်နိုဝင်ဘာလတွင် ကျင်းပမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly