ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် ဗိုလ်ချူပ်ပြတိုက်ရှေ့ ပဲပြုတ်နံပြား ဒါနပြုခဲ့

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် ဗိုလ်ချူပ်ပြတိုက်ရှေ့ ပဲပြုတ်နံပြား ဒါနပြုခဲ့

ဖေဖော်ဝါရီလ ၁၃ ။            ။ ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ရပ်ကွက်လူငယ်များအဖွဲ့မှ ယနေ့ ဖေဖော်ဝါရီလ ၁၃ရက်တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်ပြတိုက်ရှေ့၌    ပြတိုက်လာရောက်သူများကို ပဲပြုတ်နှင့်နံပြား ဒါနပြု ကျွေးမွေးခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို လူငယ်တွေပိုပြီး သတိထားမိစေရန် ယခုလို ပဲပြုတ်နံပြား ကျွေးမွေးခြင်းဖြစ်သည်ဟု ပါဝင်ကူညီသူတစ်ဦးဖြစ်သည့် ကိုဖိုးချိူက ပြောသည် ။

"ကျွန်တော်တို့ မနေ့တုန်းကလည်း ပြည်ထောင်စုနေ့ ဖြစ်တယ်။ ဒီနေ့ကြတော့ ဗိုလ်ချုပ်မွေးနေ့ဖြစ်တယ်။ မနက်ဖြန်ကတော့ ချစ်သူများနေ့။ အခုခေတ်ကလေးတွေက ချစ်သူများနေ့ကိုပဲ သိကြတယ်။ ဗိုလ်ချုပ်မွေးနေ့ကိုကြတော့ မသိကြဘူး။ အဲ့ဒါကြောင့် အခုလိုလုပ်ရတာပါ" ဟု  ကိုဖိုးချိုက ပြောသည် ။

ဗိုလ်ချူပ်အောင်ဆန်းမွေးနေ့တွင် ဗိုလ်ချုပ်ပြတိုက်ကို လာရောက်သူ အထူးများပြားခဲ့ပြီး အထူးသဖြင့် မိဘများက ကလေးများကို ပြတိုက်သို့ လိုက်ပို့ရင်း ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို   ပြောပြကြကြောင်း တွေ့ရှိရသည်။

"အခုလိုအချိန်မှာ တိုင်းပြည်မှာ လွတ်လွတ်လပ်လပ် နေ့ခွင့်ရတာဟာ ဗိုလ်ချုပ်ရဲ့ ကျေးဇူးတရားတွေကြောင့်ဆိုတာ လူငယ်လေးတွေ သိအောင် ဒီလိုဖော်ပြပေးသင့်ပါတယ်" ဟု ဗိုလ်ချုပ်ပြတိုက်သို့ လာရောက်ကြည့်ရှုသူ ဥူးနန္ဒမာလာက ပြောသည်။

ယခုနှစ် ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၂ နှစ်မြောက် မွေးနေ့သည် အမျိုးသားပြတိုက်များ၏ ပုံမှန်ပိတ်ရက်နှင့် တိုက်ဆိုင်နေသော်လည်း ရန်ကုန်တိုင်းဒေသကြီး အမျိုးသားပြတိုက်ဦးစီးဌာနက အထူးအစီအစဉ်အနေဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချူပ်အောင်ဆန်းပြတိုက်ကို လာရောက်လေ့လာသည့် နိုင်ငံခြားသားများကို တစ်ဦးလျှင် ငွေကျပ် ငါးထောင် ဝင်ကြေးကောက်ခံပြီး မြန်မာနိုင်ငံသားများအနေဖြင့် ဝင်ကြေးပေးဆောင်ရန်မလိုအပ်ပေ။

ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သည့် နေအိမ်ကို ၁၉၆၀ ခုနှစ်ကတည်းက ပြတိုက်အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly