အာဆင်နယ်နှင့်သတင်းများကို ဂျူဗင်တပ်စ်နည်းပြအယ်လီဂရီ အတည်မပြုသလို ငြင်းဆန်ခြင်းလည်းမပြု

အာဆင်နယ်နှင့်သတင်းများကို ဂျူဗင်တပ်စ်နည်းပြအယ်လီဂရီ အတည်မပြုသလို ငြင်းဆန်ခြင်းလည်းမပြု

ဖေဖော်ဝါရီ ၁၀၊ အင်္ဂလန် ။              ။ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီသည် အာဆင်နယ်အသင်းနှင့် ဆွေးနွေးမှုပြုလုပ်ခဲ့သည်ဆိုသော သတင်းများကို အတည်ပြုခြင်းမရှိခဲ့သလို ငြင်းဆန်ခြင်းလည်း မပြုလုပ်ခဲ့ကြောင်း world soccer ဝက်ဘ်ဆိုက်က ဖော်ပြသွားခဲ့သည်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး၏ စာချုပ်သက်တမ်းမှာ ယခုနှစ်ရာသီအကုန်တွင် ကုန်ဆုံးတော့မည်ဖြစ်သည်။ ယခုရာသီတွင် အာဆင်နယ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် ဝေးကွာနေသည့် အခြေအနေကြောင့် အသင်းပရိသတ်များမှာ အာစင်ဝင်းဂါးကို စိတ်ကုန်နေပြီဖြစ်ပြီး အပြောင်းအလဲပြုလုပ်ရန် အလိုရှိနေကြသည်။

ထိုအခြေအနေတွင် ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီနှင့် အာဆင်နယ်အသင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။

အယ်လီဂရီကမူ ‘ဘာကိုမှ အတည်ပြုမှာ မဟုတ်သလို၊ ငြင်းဆန်မှာလည်း မဟုတ်ပါဘူး။ အခု ဂျူဗင်တပ်စ်အသင်းနဲ့အတူရှိနေပြီး အနိုင်ရဖို့ကိုပဲ အာရုံစိုက်ထားပါတယ်။ ဒီရာသီမှာ ကျွန်တော့်အနေနဲ့ ဂျူဗင်တပ်စ်အသင်းအတွက် အကောင်းဆုံးလုပ်ဆောင်နေနိုင်တာတောင် မီဒီယာတွေကတော့ ကျွန်တော်အသင်းကနေ ထွက်ခွာတော့မယ်လို့ အမြဲဖော်ပြနေကြပါတယ်’ ဟု ပြောဆိုခဲ့သည်။

ဂျူဗင်တပ်စ်အာဏာပိုင်များကလည်း အယ်လီဂရီအနေဖြင့် နောက်ရာသီတွင်လည်း အသင်းနည်းပြအဖြစ်ဆက်ရှိနေမည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့ကြသည်။

ရည်ညွှန်း world soccer

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags