ဂျော့ကလူးနီးတို့ ဇနီးမောင်နှံသည် အမြွှာကလေးနှစ်ဦး ရရှိတော့မည်ဟု မက်ဒေမွန်ပြောကြား

ဂျော့ကလူးနီးတို့ ဇနီးမောင်နှံသည် အမြွှာကလေးနှစ်ဦး ရရှိတော့မည်ဟု မက်ဒေမွန်ပြောကြား

ဂျော့ကလူးနီးနှင့် ဇနီးဖြစ်သူအေမယ်လ်တို့သည် အမြွှာကလေးနှစ်ဦး ရရှိတော့မည်ဖြစ်ကြောင်း မင်းသား မက်ဒေမွန်က ပြီးခဲ့သော ကြာသာပတေးနေ့တွင် ပြောကြားခဲ့ပြီး သူဟာ နာမည်ကျော်သည့်   ဂျော့ကလူးနီးတို့ စုံတွဲအတွက် ပီတိဖြာခဲ့ကြောင်းနှင့် အဆိုပါသတင်းကို စတင်သိခဲ့ရသောအချိန်၌ ဝမ်းသာ၍ ငိုရမလိုအထိဖြစ်ခဲ့သည် ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ဒေမွန်သည် ကနေဒါမှ Entertainment Tonight အစီအစဉ်တွင် အသက်၅၅နှစ်အရွယ် ရှိပြီဖြစ်သော ကလူးနီက သူ့အား အဆိုပါသတင်းကို ရုပ်ရှင်အတူတကွ ရိုက်ကူးနေစဉ်၌ ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုအချိန်တွင် ၃၉နှစ်အရွယ် ရှိပြီဖြစ်သော အေမယ်လ်ကလူးနီသည် အမြွှာကလေးနှစ်ဦး ကိုယ်ဝန်ကို ရှစ်ပတ်ခန့်လွယ်ထားရပြီဖြစ်ကြောင်း ပြောခဲ့သည်။

“အဲ့တုန်းက ကျနော်က သူ့ကို မင်းစိတ်ရောမှန်သေးရဲ့လား။ ဒါဘယ်သူ့ကိုမ ှမပြောရဘူးကွ။ ၁၂ပတ်မပြည့်ခင် ဘယ်သူ့ကိုမှ မပြောရဘူးဆိုတဲ့ စည်းမျဉ်းကိုမသိဘူးလားလို့ မေးခဲ့ပါတယ်။ ဟုတ်ပါတယ်။ သူအဲ့ဒါကို မသိပါဘူး” ဟု ဒေမွန်က ရယ်လျက်ပြောခဲ့သည်။

“အဲ့ဒီနောက် ၄ ပတ်အကြာမှာတော့ ကျနော်ပြောလို့ရပြီလို့ ထင်ပါတယ်။ ဒါကြောင့် ကျနော်သူ့အတွက် ပီတိဖြစ်ရကြောင်း ပြောချင်ပါတယ်” ဟု ဒေမွန်က ဆက်ပြောခဲ့သည်။

၂၀၁၄ ခုနှစ်တုန်းက လက်ထပ်ခဲ့သော ဂျော့ကလူးနီနှင့်ဇနီးအေမယ်လ်တို့အတွက် ယခုကိုယ်ဝန်သည် ပထမဆုံး အကြိမ်ဖြစ်ပြီး ရင်သွေးလေးများ ရတော့မည့်အတွက် ဝမ်းသာနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly