လာမည့်မေလတွင် အနုပညာလမ်းကြောင်းထဲသို့ ပြန်လည်ရောက်ရှိမည်ဟု ကြေညာခဲ့သည့် ရိန်း

လာမည့်မေလတွင် အနုပညာလမ်းကြောင်းထဲသို့ ပြန်လည်ရောက်ရှိမည်ဟု ကြေညာခဲ့သည့် ရိန်း

ဖေဖေါ်ဝါရီလ ၈ ရက်နေ့တွင် အဆိုတော် ရိန်း၏ အေဂျင်စီမှ ရိန်းနှင့် မင်းသမီးကင်မ်တေးဟီးတို့သည် အမေရိကန်ပြည်ထောင်စုသို့ ပြီးခဲ့သော ဖေဖေါ်ဝါရီ ၆ ရက်နေ့က အတူတကွ ထွက်ခွာသွားခဲ့ပြီး ၎င်းတို့၏ ပုဂ္ဂိုလ်ရေးအရ ခရီးစဉ်တစ်ခုသာဖြစ်ကြောင်း ပြောခဲ့သည်။

ထို့နောက်အေဂျင်စီမှ ရိန်းသည် လက်ရှိတွင် ဂီတလောကထဲသို့ မေလတွင် ပြန်လည်ရောက်ရှိလာရန်အတွက် အဆင်သင့်ဖြစ်နေကြောင်းနှင့် အမေရိကန်ပြည်ထောင်စုမှ ပြန်ရောက်လာတာနှင့် ထုံစံအတိုင်းပြင်ဆင်မှုများကို ပြန်လည်စတင်သွားမှာ ဖြစ်ကြောင်းပြောခဲ့သည်။

ရိန်းသည် မကြာသေးခင်ကမှ အဆိုတော် PSY ထုတ်လုပ်သော ရိုမန်တစ်ဆန်စွာ လက်ထပ်ခွင့်တောင်းသည့် သီချင်းတစ်ပုဒ်ဖြစ်သော “The Best Present” ကိုဖြန့်ချိခဲ့ပြီးနောက်တွင် ပြီးခဲ့သောဇန်နဝါရီ ၁၉ရက်နေ့၌ မင်းသမီးကင်မ်တေးဟီးနှင့် အတူ ချစ်သူသက်တမ်း၅နှစ် ကြာပြီးနောက်တွင် လက်ထပ်ခဲ့သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly