ပိုလန်တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို လီဝန်ဒေါစကီး ခြောက်နှစ်ဆက်တိုက် ရရှိ

ပိုလန်တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို လီဝန်ဒေါစကီး ခြောက်နှစ်ဆက်တိုက် ရရှိ
 

ဖေဖော်ဝါရီ ၇၊ ပိုလန် ။             ။ ဘိုင်ယန်မြူးနစ်အသင်းနှင့် ပိုလန်လက်ရွေးစင်အသင်းတို့အတွက် ခြေစွမ်းပြကစားနိုင်သည့်အတွက် တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ပိုလန်နိုင်ငံ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ၆ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သည်။

အသက် ၂၈ နှစ်အရွယ်ရှိ လီဝန်ဒေါစကီးသည် ပိုလန်အသင်းဖော်များဖြစ်သော မီလစ်၊ ခရိုင်ချိုဝပ်၊ ဂျီလစ်နှင့် ပက်ဇ်ဒန်တို့ကို ကျော်ဖြတ်ပြီး အကောင်းဆုံးဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

‘ပိုလန်တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို နောက်တစ်ကြိမ် ရရှိခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။ ဒီဆုက ကျွန်တော့်အတွက် အဓိပ္ပါယ်အများကြီးရှိပြီး အလွန်ဂုဏ်ယူစရာကောင်းပါတယ်’ ဟု လီဝန်ဒေါစကီးက ဆိုသည်။

လီဝန်ဒေါစကီးသည် ၂၀၁၆ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့ပြီး ပြည်တွင်းဆုဖလားနှစ်လုံး ဆွတ်ခူးနိုင်ခဲ့သည်။ ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင်လည်း ဂိုးသွင်းအများဆုံးကစားသမားဆုကို ရရှိခဲ့သည်။

ထို့အပြင် လီဝန်ဒေါစကီးသည် ၂၀၁၆ ယူရိုပြိုင်ပွဲတွင် ပိုလန်အသင်းကို ဦးဆောင်ကစားခဲ့ပြီး ကွာတားဖိုင်နယ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly