ELN သူပုန်အဖွဲ့နှင့် ဆွေးနွေးမှု၌ အလုံးစုံငြိမ်းချမ်းရေး ရရှိရန် ကိုလံဘီယာအစိုးရကြိုးပမ်း

ELN သူပုန်အဖွဲ့နှင့် ဆွေးနွေးမှု၌ အလုံးစုံငြိမ်းချမ်းရေး ရရှိရန် ကိုလံဘီယာအစိုးရကြိုးပမ်း

ဖေဖေါ်ဝါရီ ၇ ။           ။ ယနေ့ အင်္ဂါနေ့တွင် ကိုလံဘီယာ အစိုးရအနေဖြင့် နောက်ဆုံးကျန်ရှိနေသော သူပုန်အဖွဲ့ဖြစ်သည့် ELN အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု စတင်ခဲ့ပြီး FARC ပြောက်ကျား သူပုန်များနှင့် ၅၃နှစ်ကြာအောင် ဖြစ်ပွားခဲ့သောစစ်ပွဲအား အဆုံးသတ်နိုင်ခဲ့ပြီးအလုံးစုံငြိမ်းချမ်းရေးရရှိခဲ့သလိုမျိုး သမိုင်းဝင် သဘောတူညီချက်တစ်ခု ထပ်တူရရှိရန် ကြိုးပမ်းနေကြောင်း သိရသည်။

သို့သော်လည်းကျွမ်းကျင်ပညာရှင်များက ELN အဖွဲ့သည် FARC အဖွဲ့ထက်ပို၍ စေ့စပ်ညှိုနှိုင်းရန်ခက်ခဲသည့် အဖွဲ့ဖြစ်ကြောင်းသတိပေးခဲ့ပြီး ပဋိပက္ခများအဆုံးသတ်ဖို့သူ၏သမ္မရာထူးနှင့်လောင်းကြေးထပ်ထားသည့် သမ္မတဂျူအန်မန်နျူရယ်ဆန်းတို့စ်၏ သမ္မတသက်တမ်းကုန်ဆုံးမည့်နောက်နှစ်မတိုင်ခင်အထိသဘောတူညီမှုရ ဖို့မဖြစ်နိုင်ကြောင်း ပြောခဲ့ကြသည်။

သို့သော်လည်း ပြီးခဲ့သောအောက်တိုဘာလက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရရှိခဲ့သောမစ္စတာဆန်းတို့စ်သည် ငြိမ်းချမ်းရေးဆွေးနွေးရေးအတွက် အကောင်းမြင်မှုများပြည့်နှက်လျက်ရှိကြောင်းသိရသည်။

ပြီးခဲ့သောကြာသာပတေးနေ့က ဘိုဂိုတာတွင်ပြုလုပ်ခဲ့သည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်များ၏ထိပ်သီးအစည်း အဝေးပွဲ၌သူက ပဋိပက္ခများအဆုံးသတ်သွားပြီဖြစ်ကြောင်းပြောခဲ့သည်။

“ကိုလံဘီယာအစိုးရနှင့် ELN သူပုန်အဖွဲ့တို့ကြား လူမြင်ကွင်း၌စေ့စပ်ညှိုနှိုင်းရေးလုပ်နိုင်သောအဆင့်တစ်ခုဟာ အလုံးစုံငြိမ်းချမ်းရေးရရှိနိုင်ဖို့အတွက်ဖြစ်မြောက်သွားစေနိုင်မှာဖြစ်ပါတယ်” ဟုပြောခဲ့သည်။

စစ်အေးကာလကတည်းကဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူပေါင်း ၂၆၀၀၀၀ခန့်သေဆုံးခဲ့ရပြီး ၆၀၀၀၀ခန့် ပျောက်ဆုံးခဲ့ရသလို အဆိုပါလက်နက်ကိုင် ပဋိပက္ခများသည် တောင်အမေရိက၌   နောက်ဆုံးကျန်ရှိနေသော ပဋိပက္ခတစ်ခုဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags