အမေရိကန်မြေပေါ် အစွန်းရောက် ဂျီဟတ်များ ခြေချလို့ မရစေရဟု ဒေါ်နယ်ထရမ့် ပြော

အမေရိကန်မြေပေါ် အစွန်းရောက် ဂျီဟတ်များ ခြေချလို့ မရစေရဟု ဒေါ်နယ်ထရမ့် ပြော

နယူးယောက်၊ ဖေဖော်ဝါရီ ၇ ။               ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေအနေနဲ့ အစွန်းရောက်အစ္စလာမ်အကြမ်းဖက်သမားတွေကို အမြစ်ဖြတ်သွားမှာဖြစ်ပြီး အမေရိကန်မြေပေါ် အစွန်းရောက်ဂျီဟတ်ဝါဒီတွေ ခြေချလို့ မရအောင် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ဒါပေမယ့် အိုင်အက်စ်အုပ်စုကို ဘယ်လိုမဟာဗျူဟာနဲ့ အနိုင်ယူမယ်ဆိုတာကိုတော့ အသေးစိတ်ပြောဆိုတာ မရှိပါဘူး။

အရှေ့အလယ်ပိုင်းနဲ့ ဗဟိုအာရှရေးရာ တာဝန်ခံရသော အမေရိကန်ဗဟိုကွပ်ကွဲမှုရုံးကို ထရမ့်က ပထမဆုံးအဖြစ် ရောက်ရှိခဲ့တာပါ။ ထရမ့်အနေနဲ့ သူ့အရင် သမ္မတ အိုဘားမား လုပ်ဆောင်ခဲ့တဲ့ အီရတ်နဲ့ ဆီးရီးယားက အိုင်အက်စ်ချေမှုန်းရေး မစ်ရှင်တွေကို ဖျက်သိမ်းမသိမ်းကိုလည်း ပြောဆိုတာ မရှိပါ။

“ဒီကနေ့မှာ အစွန်းရောက် အဖျက်အမှောင့်လုပ်ရပ်တွေအတွက် တစ်သံတည်းသော သတင်းစကားကို ပြောလိုတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေက အစွန်းရောက်တွေကို တိုက်ထုတ်သွားမှာ   ဖြစ်တယ်။” လို့ ဖလော်ရီဒါရှိ မတ်ဒီးလေတပ်အခြေစိုက်စခန်းမှာ စစ်မှုထမ်း ၃၀၀ နီးပါးရှေ့ ထရမ့်က ပြောခဲ့တာဖြစ်ပါတယ်။

“အစွန်းရောက်အစ္စလာမ်မစ်အကြမ်းဖက်သမားတွေကို ကျွန်တော်တို့ တိုက်ထုတ်သွားမယ်။ ကျွန်တော်တို့ တိုင်းပြည်တွင်း ခြေချခွင့် ပေးမှာမဟုတ်ဘူး။ လွတ်လပ်မှု၊ လုံခြုံမှုနဲ့ တရားမျှတမှုတွေက   အောင်နိုင်ရမယ်။”လို့ ထရမ့်က ဆိုပါတယ်။

အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေက ကမ္ဘာ့တစ်လွှားမှာ လူမျိုးတုံးသတ်ဖြတ်ရေးလှုံ့ဆော်မှုတွေ၊ ယုတ်မာကြမ်းကြုတ်မှုတေတွကို ကျုးလွန်နေတယ်လို့ ထရမ့်က ပြောပြီး အမေရိကန်စစ်တပ်အတွက် သမိုင်းတွင်လောက်အောင် ဘတ်ဂျတ်သုံးစွဲမှုကို ချထားပေးမယ်လို့လည်း ကတိပေးပြောကြားပါတယ်။

အစွန်းရောက် အစ္စလာမ်မစ်တွေက ၉/၁၁ တိုက်ခိုက်မှုလို ကျွန်တော်တို့ အမိမြေကို တိုက်ခိုက်ဖို့၊ ဥရောပကို တိုက်ခိုက်ဖို့ ခြေလှမ်းနေကြောင်းလည်း သမ္မတ ဒေါ်နယ်ထရမ့်က ဖြည့်စွက်ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly