အော်စကာဆု လျာထားခံရသည့်အတွက် မည်သို့အောင်ပွဲခံခဲ့ကြောင်း အမ်မာစတုန်းနှင့် ရိုင်ယန်ဂေါ့စ်လင်းဖွင့်ဟ

အော်စကာဆု လျာထားခံရသည့်အတွက် မည်သို့အောင်ပွဲခံခဲ့ကြောင်း အမ်မာစတုန်းနှင့် ရိုင်ယန်ဂေါ့စ်လင်းဖွင့်ဟ

မင်းသမီးအမ်မာစတုန်းနှင့်မင်းသားရိုင်ယန်ဂေါ့စ်လင်းတို့သည် အော်စကာဆုအတွက် လျာထားခံထားရသော စာရင်းကိုကြေညာခဲ့ချိန်၌ တစ်ယောက်နဲ့ တစ်ယောက် မိုင်ပေါင်းထောင်ချီအောင်ဝေးနေကြသော်လည်း အောင်ပွဲ ခံဖြစ်ခဲ့ကြပုံအား ဖွင့်ဟပြောကြားခဲ့ကြသည်။

အဆိုပါစာရင်းအား ကြေညာခဲ့ချိန်၌ အမ်မာစတုန်းသည် လော့စ်အိန်ဂျယ်လိစ်၌ရှိနေခဲ့ပြီး ရိုင်ယန်ဂေါ့စ်လင်းသည် ဒါရိုက်တာဒေမီယန်ချက်ဇဲလ်နှင့် အတူ တရုတ်ပြည်သို့ La La Land ဇာတ်ကားကြော်ငြာအတွက် ရောက်ရှိနေခဲ့ သည်။

“အဲ့တုန်းက ညအရမ်းနက်နေပြီး ဒေမီယန်က ကျွန်တော့ တံခါးကို အကျယ်ကြီးလာခေါက်ပါတယ်။ သူက ရှန်ပိန်ပုလင်း တစ်လုံးကို ယူလာခဲ့ပါတယ်။ ရုတ်ရက်ဆိုသလို သူ့ဆီမှာ ဖုန်းဆယ်လုံးလောက်ကိုတွေ့လိုက်ရပြီး သူကတခြားသူ တွေနဲ့ FaceTime သုံးပြီး ဗွီဒီယိုဖြင့်ဖုန်းပြောနေတာကို ကျနော်တွေ့ခဲ့ရပါတယ်” ဟု ရိုင်ယန်ဂေါ့စ်လင်းကပြောခဲ့ သည်။

ထိုအချိန်မှာပဲ အမ်မာစတုန်းထံသို့ တရုတ်ပြည်သို့ ရောက်နေသော ဒါရိုက်တာချက်ဇဲလ်၏ ချစ်သူက ဖုန်းဆက် သွယ်ခဲ့ပါသည်။

အမ်မာစတုန်းက “ချက်ဇဲလ်ရဲ့ ချစ်သူကပြောခဲ့ပါတယ်။ ငါတို့ရိုင်ယန်ရဲ့ တံခါးကိုသွားထုမယ်တဲ့။ ပြီးတော့သူမက တံခါးကို သွားထုခဲ့ပြီးတဲ့ အချိန်မှာ ရိုင်ယန်နဲ့ဒါမီယန်တို့ အတူရှိနေခဲ့ပြီးရိုင်ယန့် လက်ထဲက ိုဖုန်းထည့်ပေးခဲ့ပါတယ်။ ရိုင်ယန်က ကျွန်မတို့ဖုန်းခေါ်ဖြစ်မယ်လို့တောင် ထင်မထားခဲ့မိပါဘူး”ဟုပြောခဲ့သည်။ ထို့နောက်သူမက “ဒါမီယန် ဟာလည်း ကျွန်မတို့ရဲ့ ထုတ်လုပ်သူ မာ့ခ်ပလပ်နှင့် အတ ူဗွီဒီယိုကနေပြောနေခဲ့ပါတယ်။ ဒါဟာကျမတို့၂၀၁၇ခုနှစ် မှာအောင်ပွဲခံဖြစ်တဲ့ ပုံစံပါပဲ”ဟု ဆက်ပြောခဲ့သည်။

ဒါရိုက်တာချက်ဇဲလ်က သူတို့ရဲ့ရုတ်ရက်ကြီး ဟိုတယ်၌ ဗွီဒီယိုဖြင့်အောင်ပွဲခံပါတီပေးမှုသည် ထိန်းမနိုင်သိမ်းမရ မဖြစ်ခဲ့ကြောင်းပြောခဲ့ပြီး သူတို့အားလုံးသည် ညဝတ်အကျီၤလေးတွေ ကိုယ်စီဖြင့်သာ အောင်ပွဲခံခဲ့ကြောင်းပြောခဲ့ သည်။

Ref: Enews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly