ချယ်လ်ဆီးအားရှုံးနိမ့်နေသည်ကို ပွဲကြည့်စင်မှကြည့်နေရသည်မှာ အလွန်ခက်ခဲကြောင်း အာစင်ဝင်းဂါး ၀န်ခံ

ချယ်လ်ဆီးအားရှုံးနိမ့်နေသည်ကို ပွဲကြည့်စင်မှကြည့်နေရသည်မှာ အလွန်ခက်ခဲကြောင်း အာစင်ဝင်းဂါး ၀န်ခံ

ဖေဖော်ဝါရီ ၆၊ အင်္ဂလန် ။              ။ ချယ်လ်ဆီးအသင်းအား သူ၏အသင်းရှုံးနိမ့်နေသည်ကို ပွဲကြည့်စင်မှထိုင်ကြည့်နေရသည်မှာ အလွန်ခက်ခဲသည့် ခံစားချက်ဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ဝန်ခံပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းသည် ထိုပွဲစဉ်တွင် ချယ်လ်ဆီးကို ၃-၁ ဂိုးဖြင့် ဂိုးပြတ်ရှုံးခဲ့ရခြင်းဖြစ်ပြီး ငါးရက်အတွင်း ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲ ရှုံးခဲ့ရခြင်းဖြစ်သည်။ အာဆင်နယ်အသင်းသည် ထိုပွဲစဉ်တွင် ရှုံးနိမ့်ခဲ့ရသည့်အတွက် အမှတ်ပေးဇယားထိပ်ဆုံးမှ ချယ်လ်ဆီးနှင့် ၁၂ မှတ်အထိ ကွာဟသွားခဲ့ပြီး ချန်ပီယံဆုကို စိန်ခေါ်နိုင်ရန် အလွန်ခက်ခဲသွားပြီ ဖြစ်သည်။

ထို့ကြောင့် ပရိသတ်များမှာ အာစင်ဝင်းဂါးကို အသင်းမှ ထွက်ခွာသွားရန် အလိုရှိနေကြပြီ ဖြစ်သည်။

အသက် ၆၇ နှစ်အရွယ်ရှိ အာစင်ဝင်းဂါးနှင့် အာဆင်နယ်တို့၏ စာချုပ်သက်တမ်းမှာ နောက်ဆုံးအချိန်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဝင်းဂါးအနေဖြင့် စာချုပ်သစ်ချုပ်ဆိုမည်၊ မချုပ်ဆိုမည်မှာ ပရိသတ်များ၏ တောင်းဆိုမှုထက် ၎င်းအနေဖြင့် အာဆင်နယ်ကစားသမားထံမှ အကောင်းဆုံးအရည်အချင်းကို ထုတ်ဖော်ပေးနိုင်ဦးမှာလားဆိုသည့် သူ၏စိတ်ခံစားချက်အပေါ်မူတည်လျက်ရှိသည်။

‘ချန်ပီယံဆုက ကျွန်တော်တို့နဲ့ တဖြည်းဖြည်း ဝေးကွာလာပါပြီ။ ဒါကို ကွယ်ဝှက်ထားစရာမလိုပါဘူး။ ချယ်လ်ဆီးကို ရှုံးနိမ့်ရမှုက ဝက်ဖို့ဒ်ပွဲက အရှုံးရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ သုံးပွဲမှာ ကျွန်တော်တို့ လုံလောက်တဲ့ ဖန်တီးမှုတွေ မလုပ်နိုင်ခဲ့ပါဘူး။

ကျွန်တော့်အသင်းသားတွေရှုံးနိမ့်နေရတာကို ပွဲကြည့်စင်ကနေ ကြည့်နေရတာက တကယ်ကို ခက်ခဲပါတယ်။ အလွန်အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲကို ရှုံးခဲ့ရတာဖြစ်လို့ တကယ်ကို စိတ်ပျက်မိပါတယ်’ ဟု အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly