အင်ဒိုနီးရှားတွင် ငါးဖမ်းရေယာဉ် နစ်မြုပ်မှု ဖြစ်ပွားပြီး ခြောက်ဦးသေဆုံး

အင်ဒိုနီးရှားတွင် ငါးဖမ်းရေယာဉ် နစ်မြုပ်မှု ဖြစ်ပွားပြီး ခြောက်ဦးသေဆုံး

ဖေဖော်ဝါရီ ၄ ။                ။ အင်ဒိုနီးရှား နိုင်ငံအရှေ့ပိုင်းတွင် ဖေဖော်ဝါရီ ၃ ရက်က ငါးဖမ်းရေယာဉ်တစ်စင်း နစ်မြုပ်မှုဖြစ်ပွားပြီး ခြောက်ဦးထက် မနည်းသေဆုံးကာ သုံးဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ပြောသည်။

လူပေါင်း ၂၉ ဦး လိုက်ပါလာခဲ့သော အဆိုပါ ရေယာဉ်သည် Takalar Lama  မြစ်မှ Sulawesi ရှိ ကျွန်းတစ်ခုသို့ ထွက်ခွာလာစဉ် ဖေဖော်ဝါရီ ၃ ရက် နေ့လည်ပိုင်းက နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။

ခရီးသည် အယောက် ၂၀ ကို ကယ်တင်နိုင်ခဲ့သော်လည်း အခြားပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးအဖွဲ့က ဆက်လက်ရှာဖွေနေရလျက် ရှိသည်။

ရေယာဉ် နစ်မြုပ်ရခြင်း၏အကြောင်းရင်းကိုမူ မသိရှိရသေးကြောင်း အင်ဒို ပို့ဆောင်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လောလန် ပန်ဂျက်တန်က ပြောသည်။

ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ရှိ အင်ဒိုနီးရှားတွင် ရေကြောင်းခရီးအပေါ် မှီခိုနေရပြီး ဘေးကင်းလုံခြုံရေး အစီအမံများလုပ်ဆောင်မှုတွင် အားနည်းနေလျက်ရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ခရီးသည် ၂၀၀ ကျော် လိုက်ပါလာသော ရေယာဉ်တစ်စင်း မီးလောင်မှုကြောင့် ၂၀ ကျော် သေဆုံးခဲ့ရသည့် ဖြစ်စဉ်လည်း ရှိထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags