ဂိုး ၁၀၀ ပြည့်မှာ စက်ရုပ်အကနဲ့ ပရိသတ်ကို ပြန်ဖျော်ဖြေခဲ့တဲ့ ပီတာခရော့ချ်

ဂိုး ၁၀၀ ပြည့်မှာ စက်ရုပ်အကနဲ့ ပရိသတ်ကို ပြန်ဖျော်ဖြေခဲ့တဲ့ ပီတာခရော့ချ်

ဖေဖော်ဝါရီ ၂၊ အင်္ဂလန် ။            ။ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ကြတဲ့ စတုခ်စီးတီးနဲ့ အဲဗာတန်တို့ရဲ့ ပွဲစဉ်မှာ အင်္ဂလန်တိုက်စစ်မှူးဟောင်းကြီး ပီတာခရော့ချ်က စတုခ်စီးတီးအသင်းအတွက် ဂိုးသွင်းယူပေးခဲ့ပါတယ်။

ဒီဂိုးဟာ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ပီတာခရော့ချ်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့တဲ့ ဂိုးဖြစ်ပါတယ်။ ဂိုးသွင်းပြီးနောက်မှာတော့ ပီတာခရော့ချ်ဟာ ဟိုးအရင်က သူအောင်ပွဲခံခဲ့တဲ့ စက်ရုပ်အကပုံစံနဲ့ အောင်ပွဲခံခဲ့ပါတယ်။

အရပ် ၆ ပေနဲ့ ၇ လက်မမြင့်တဲ့ ပီတာခရော့ချ်က သူ့အရပ်အမြင့်ကြီးနဲ့ စက်ရုပ်အက ကပြီးအောင်ပွဲခံတာကို ပရိသတ်တွေ အရင်ကတည်းက နှစ်ခြိုက်ခဲ့ကြသလို အခုလည်း ဝမ်းသာအားရ အားပေးခဲ့ကြပါတယ်။

ပီတာခရော့ချ်ဟာ ပရီးမီးယားလိဂ်ဂိုး ၁၀၀ ပြည့်သွင်းယူနိုင်ချိန်မှာ အသက် ၃၆ နှစ်နဲ့ ၂ ရက်ရှိပြီဖြစ်လို့ ဂိုးတစ်ရာပြည့်သွင်းယူနိုင်ချိန်မှာ အသက်အကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ သူဟာ ဗီလာအသင်းအတွက် ၆ ဂိုး၊ ဆောက်သမ်တန်အသင်းအတွက် ၁၂ ဂိုး၊ လီဗာပူးလ်အသင်းအတွက် ၂၂ ဂိုး၊ ပို့စ်မောက်အသင်းအတွက် ၁၁ ဂိုးနဲ့ စပါးအသင်းမှာ ၁၂ ဂိုးသွင်းယူခဲ့ပါတယ်။ စတုခ်စီးတီးအသင်းမှာတော့ ၃၇ ဂိုးမြောက်သွင်းယူခဲ့တဲ့ဂိုးဖြစ်ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly