နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်များ၏ ထိပ်သီးညီလာခံကို ကိုလံဘီယာမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်များ၏ ထိပ်သီးညီလာခံကို ကိုလံဘီယာမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

ဇန်နဝါရီ ၃၁ ။               ။ ၁၆ ကြိမ်မြောက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်များ၏ ကမ္ဘာ့ထိပ်သီးညီလာခံကို ကိုလံဘီယာနိုင်ငံမှ မြို့တော် ဘိုဂိုတာမြို့၌ လာမည့်အပတ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ နိုဘယ်လ်ဆုရှင် ၃၁ ဦးသည်ပွဲသို့ တက်ရောက်လာမည်ဖြစ်ပြီး ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးနှင့်ဖွံ့ဖြိုးရေးတို့အတွက် ပြောဆိုဆွေးနွေး သွားမည်ဖြစ်သည်။

ကိုလံဘီယာသမ္မတ ဂျူအန်မန်နျူရယ်လ်ဆန်းတို့စ်က ညီလာခံဖွင့်ပွဲကို လာမည့်ကြာသာပတေးနေ့၌ ဘိုဂိုတာ အပြည်ပြည်ဆိုင်ရာ စီးပွားရေးစင်တာတွင် ကျင်းပသွားမည်ဖြစ်ပြီး ဖေဖေါ်ဝါရီ ၅ရက်နေ့တွင် ပြီးဆုံးမည်ဖြစ် ကြောင်း သမ္မတရုံး၏ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါဖွင့်ပွဲကျင်းပပြီးနောက်တွင် ဆန်းတို့စ်သည် မျက်နှာစုံညီကျင်းပမည့်ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီဟု အမည်ရသောဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးသွားမည်ဖြစ်သည်။ ဒါ့အပြင် ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင် ပြုလုပ် မည့်ညီလာခံကိုလည်း ဆန်းတို့စ်မှကိုယ်တိုင် တက်ရောက်ဦးမည်ဖြစ်သည်။

ယခုကမ္ဘာလုံးဆိုင်ရာနိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်များ၏ထိပ်သီးညီလာခံသည် လက်တင်အမေရိကားတွင် ပထမဦးဆုံးအကြိမ်အဖြစ်ကျင်းပခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly