မြောက်ဦးယဉ်ကျေးမှုနယ်မြေကို UNESCO က အသိမှတ်ပြုရေး ပြည်နယ်အစိုးရနှင့် ဆွေးနွေး

မြောက်ဦးယဉ်ကျေးမှုနယ်မြေကို UNESCO က အသိမှတ်ပြုရေး ပြည်နယ်အစိုးရနှင့် ဆွေးနွေး

စစ်တွေ၊ ဇန်နဝါရီ ၃၁ ။           ။ ရှေးဟောင်း ယဉ်ကျေးမှုဇုန်ဖြစ်သည့် မြောက်ဦးမြို့နယ်ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး စာရင်းတွင် ပါဝင်အသိအမှတ်ပြုခံနိုင်ရေးအတွက် ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည့် UNESCO အဖွဲ့နှင့် ပြည်နယ်အစိုးရတို့ ဇန်နဝါရီ ၃၀ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

“ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့အတွက် အစိုးရကပဲ စီမံဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒေသခံတွေရဲ့ သဘောထားတွေကိုလည်း အဓိကထားရမှာပါ။ ကျွန်တော်တို့အနေနဲ့ကတော့ နည်းပညာတွေကိုပဲ အကူအညီပေးမှာဖြစ်ပါတယ်” ဟု UNESCO Myanmar မှ Mrs.Min Jeong Kim က ပြောသည်။ ၎င်းအဖွဲ့သည် မနက်ဖြန် ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် မြောက်ဦးမြို့သို့ သွားရောက်ကာ လေ့လာမည် ဖြစ်သည်။

လက်ရှိတွင် မြောက်ဦးယဉ်ကျေးမှုဒေသအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရေးအတွက် စီမံဆောင်ရွက်နေမှုများ၊ ထိန်းသိမ်းရေးလုပ်ငန်းစဉ်များအပေါ်တွင် စနစ်တကျ ဆောင်ရွက်နေမှု အခြေနေများကို ပြည်နယ်အစိုးရအဖွဲ့နှင့် UNESCO တို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြသည်။

“ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်တွေကို  အရင်ကထက် သိသိသာသာ မြင်နိုင်ဖို့အတွက် တူးဖော်မှုတွေ မလုပ်ရသေးတဲ့ နေရာတွေမှာ လုပ်ဆောင်နေတာ ရှိသလို ဓညဝတီမြို့တော်ဟောင်းကိုလည်း တူးဖော်နေပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

မြောက်ဦး ယဉ်ကျေးမှုဒေသအား  လေ့လာရန် ရောက်ရှိနေသည့် အဖွဲ့တွင် ထိုင်းနိုင်ငံ UNESCO ရုံးမှ Mrs.Doung Bich Hanh၊ မြန်မာနိုင်ငံ UNESCO ရုံးမှ ရုံးအဖွဲ့မှူး Mrs Min Jeong Kim နှင့် အမျိုးသား ယဉ်ကျေးမှုစီမံကိန်း ညှိနှိုင်းဆောင်ရွက်သူ ဒေါ်ဥမ္မာမျိုးတို့ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags