Billboard အယ်လ်ဘမ်ဇယား နံပါတ်တစ်နေရာ၌ ဂျွန်မေယာအား ကျော်ဖြတ်၍ The Weeknd ဆက်လက်ရပ်တည်

Billboard အယ်လ်ဘမ်ဇယား နံပါတ်တစ်နေရာ၌ ဂျွန်မေယာအား ကျော်ဖြတ်၍ The Weeknd ဆက်လက်ရပ်တည်

ကနေဒါအဆိုတော် The Weeknd သည် အဆိုတော်နှင့်တေးရေးဖြစ်သူ ဂျွန်မေယာအား Billboard ထိပ်သီး အယ်လ်ဘမ်၂၀၀၏ နံပါတ်တစ်နေရာကို ရယူခွင့်မပေးဘဲ  လေးပတ်ဆက်တိုက် ထိပ်ဆုံးနေရာမှ ရပ်တည်နေကြောင်း Nielsen SoundScan မှစာရင်းများအရ သိရသည်။

The Weeknd ၏ Starboy သီချင်းအယ်လ်ဘမ်သည်ထွက်ရှိထားသည်မှာ ၉ ပတ်ကျော်လာပြီဖြစ်သော်လည်း တစ်ပတ်အတွင်းအချပ်ရေ ၅၆၀၀၀ဆက်လက်ရောင်းချနေရပြီး ဂျွန်မေယာ၏ သီချင်းအယ်လ်ဘမ်အသစ်  The Search For Everything ဟာတော့ အချပ်ရေ ၄၉၀၀၀ အထိရောင်းချထားရပါသည်။

ပြီးခဲ့သောတနင်္လာနေ့က အဆိုတော်ဂျွန်မေယာသည် သူ၏အယ်လ်ဘမ်သစ်ကိုကြော်ငြာသည့်အနေဖြင့်   မြောက်အမေရိကန်နှင့်ဥရောပသို့ လှည့်လည်ဖျော်ဖြေပွဲ   ပြုလုပ်မည့် အစီအစဉ်အား   ကြေညာခဲ့ပြီးလာမည့် မတ်လ ၃၁ရက်နေ့တွင် နယူးယောက်ရှိ အယ်လ်ဘေနီမြို့မှ စတင်ကာ လန်ဒန်မြို့၌မေလတွင် အဆုံးသတ်မည်ဖြစ်သည်။

သီချင်းအယ်လ်ဘမ်အသစ်များနည်းပါးစွာထွက်ရှိခဲ့သောအပတ်ထဲ၌ ဇယား၏နံပါတ်၃ နေရာအား အော်စကာဆု အတွက်တစ်ကြိုပေးခံထားရသော La La Land ဇာတ်ကားမှသီချင်းများက ရယူထားပါသည်။

Billboard ထိပ်သီးအယ်လ်ဘမ်၂၀၀ဇယားသည် ရောင်းချရသည့်အယ်လ်ဘမ်အချပ်ရေ၊ သီချင်းတစ်ပုဒ်ချင်းစီ ရောင်းရသည့်အရေအတွက် (သီချင်းဆယ်ပုဒ်သည် အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ)၊ အင်တာနက်၌ထုတ်လွှင့် နားထောင်ခံရမှုအကြိမ်ရေ (အကြိမ်၁၅၀၀ထုတ်လွှင့်နားဆင်မှုသည်အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) တို့ကို ရေတွက်ပြီး ထိပ်ဆုံးနေရာအားဆုံးဖြတ်ခြင်းဖြစ်ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags