၂၀၁၅-၁၆ စီးရီးအေ အကောင်းဆုံးဆုများကို ဂျူဗင်တပ်စ်အသင်းသိမ်းပိုက်

၂၀၁၅-၁၆ စီးရီးအေ အကောင်းဆုံးဆုများကို ဂျူဗင်တပ်စ်အသင်းသိမ်းပိုက်

ဇန်နဝါရီ ၃၁၊ အီတလီ ။                     ။ ၂၀၁၅-၁၆ ခုနှစ်အတွက် စီးရီးအေအကောင်းဆုံးဆုပေးပွဲအခမ်းအနားကို မီလန်မြို့တွင်ကျင်းပပြုလုပ်ခဲ့ရာ ဂျူဗင်တပ်စ်အသင်းက ဆုအများအပြားကို သိမ်းပိုက်ရရှိခဲ့သည်။

စီးရီးအေ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက ရရှိခဲ့ပြီး အကောင်းဆုံးကစားသမားဆုကို ဂျူဗင်တပ်စ်နောက်ခံလူ ဘိုနုချီက ရရှိခဲ့သည်။ ၂၀၁၁-၁၂ ရာသီမှစတင်ပြီး စီးရီးအေချန်ပီယံဆုကို ဆက်တိုက်ရယူနိုင်ခဲ့သည့် ဂျူဗင်တပ်စ်အသင်းအတွက် ငါးကြိမ်ဆက်ချန်ပီယံဆုကို ရယူပေးနိုင်ခဲ့ခြင်းကြောင့် အကောင်းဆုံးဆုများကို ဂျူဗင်တပ်စ်အသင်းမှ အများစု ရရှိခဲ့ကြခြင်းဖြစ်သည်။

တစ်နှစ်တာအကောင်းဆုံးအသင်းအတွက် ကစားသမား ၁၁ ဦးကို ရွေးချယ်ခဲ့ရာတွင်လည်း ဂျူဗင်တပ်စ်အသင်းက ၈ ဦးအထိပါဝင်ခဲ့သည်။ လက်ရှိမန်ယူတွင်ကစားနေသည့် ပေါ့ဂ်ဘာမှာလည်း အကောင်းဆုံးကွင်းလယ်ကစားသမားတစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရသည်။

အကောင်းဆုံးဆု ရရှိပြီးနောက်တွင် ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက ယခုနှစ်တွင် ခြောက်နှစ်ဆက်တိုက် စီးရီးအေဆုဖလား ရယူရန်မှာ အဓိက ရည်မှန်းချက်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

`ခြောက်နှစ်ဆက်ဆုဖလားရရှိဖို့က ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်ပါ။ အီတလီမှာ ဘယ်အသင်းမှ ခြောက်နှစ်ဆက်တိုက် စီးရီးအေချန်ပီယံ မဖြစ်ဖူးပါဘူး။ အခုနှစ် ချန်ပီယံဆုအတွက် ရိုးမား၊ နာပိုလီ၊ အင်တာမီလန်တို့နဲ့ အဓိက ယှဉ်ပြိုင်ရပါလိမ့်မယ်´ ဟု အယ်လီဂရီက ဆိုခဲ့သည်။

စီးရီးအေတစ်နှစ်တာအကောင်းဆုံးအသင်း

ဂိုး - ဘတ်ဖွန်(ဂျူဗင်တပ်စ်)

နောက်တန်း - ဘိုနုချီ(ဂျူဗင်တပ်စ်)၊ ချီလီနီ(ဂျူဗင်တပ်စ်)၊ ဘာဇာဂလီ(ဂျူဗင်တပ်စ်)၊ ကော်လီဘလေး(နာပိုလီ)

အလယ်တန်း - ပေါ့ဂ်ဘာ(ဂျူဗင်တပ်စ်/မန်ယူ)၊ ပီဂျန်နစ်(ရိုးမား/ဂျူဗင်တပ်စ်)၊ နိုင်ဂိုလန်(ရိုးမား)၊ ဟမ်ဆစ်(နာပိုလီ)

ရှေ့တန်း - ဒိုင်ဘာလာ(ဂျူဗင်တပ်စ်)၊ ဟီဂူအင်(နာပိုလီ/ဂျူဗင်တပ်စ်)

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags