ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပနေသော မယ်စကြာဝဠာပြိုင်ပွဲ၌ ပြင်သစ်အလှမယ်အနိုင်ရရှိခဲ့

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပနေသော မယ်စကြာဝဠာပြိုင်ပွဲ၌ ပြင်သစ်အလှမယ်အနိုင်ရရှိခဲ့

ပြင်သစ်နိုင်ငံပဲရစ်မြို့မှ သွားဆရာဝန်ဖြစ်သူအလှမယ်လေးသည် ယနေ့တနင်္လာနေ့၌ ကျင်းပခဲ့သော ဖိလစ်ပိုင် နိုင်ငံမနီလာမြို့မှ မယ်စကြာဝဠာပြိုင်ပွဲတွင် သရဖူဆုကိုဆွတ်ခူးနိုင်ခဲ့ပြီး အလှမယ်ပြိုင်ပွဲသမိုင်း၌ အနိုင်ရရှိသူ ဒုတိယပြင်သစ်အမျိုးသမီးတစ်ဦးဖြစ်လာပြီး ဆယ်စုနှစ်ကျော်အတွင်း ဥရောပတိုက်မှ ပထမဦးဆုံးအနိုင်ရရှိသူ ဖြစ်လာပါသည်။

အိုင်းရစ်မစ်တန်နေရီအမည်ရှိ ပြင်သစ်အလှမယ်လေးသည် အခြားနိုင်ငံမှအလှမယ် ၈၅ဦးကိုကျော်ဖြတ်ခဲ့ပြီး ၃နာရီကြာယှဉ်ပြိုင်ခဲ့ရသော ၆၅ကြိမ်မြောက် မယ်စကြာဝဠာပြိုင်ပွဲတွင် သရဖူကို ဆွတ်ခူးနိုင်ခဲ့ပါသည်။

“ကျမအနိုင်ရရှိခဲ့တဲ့အပေါ်အလွန်ကိုအံ့သြရပါတယ်။ ကျမကိုယ်ကျမကံကောင်းတယ်လို့ ခံစားရပါတယ်” ဟု အသက်၂၄နှစ်အရွယ်ရှိပြီဖြစ်သည့် အိုင်းရစ်ကပြောခဲ့သည်။

သရဖူဆုကိုအောင်နိုင်ခဲ့ပြီးနောက် အိုင်းရစ်မစ်တန်နေရီက သူမဟာ ကလေးသူငယ်များနှင့်အမျိုးသမီးငယ်လေး များ၏ပညာရေးအတွက်မြှင့်တင်ပေးလိုကြောင်း ပြောခဲ့သည်။

“မယ်စကြာဝဠာဖြစ်ဖို့ဟာအိပ်မက်တစ်ခုဖြစ်ပါတယ်။ မိန်းကလေးအားလုံးဟာလည်းမယ်စကြာဝဠာဖြစ်ချင်ကြပါ တယ်။ စတိတ်စင်ကြီးဟာအလွန်ကိုအံ့သြလှပပါတယ်။ အရာရာအားလုံးဟာလည်း အံ့ဖွယ်တွေပါပဲ” ဟု သူမက ပြုံးပြလျက်ပြောခဲ့သည်။

သူမသည် နောက်ဆုံးအဆင့်တွင် ဟေတီနှင့်ကိုလံဘီယာတို့မှ အလှမယ်တို့ကို ကျော်ဖြတ်၍ အနိုင်ရခဲ့ခြင်းဖြစ်ပြီး ဟေတီအလှမယ်ရေကွယ်လ်ပယ်လစ်စီယာက ဒုတိယဆု၊ ကိုလံဘီယာအလှမယ် အန်ဒရီရာတိုဗာက တတိယ ဆုအသီးသီးရရှိခဲ့ကြပါသည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly