ဇန်နဝါရီ ၂၉ ။ ။ ယနေ့ တနင်္ဂနွေနေ့တွင် ယီမင်နိုင်ငံ၌အမေရိကန်တို့၏စီးနင်းတိုက်ခိုက်မှုကြောင့် အယ်လ်ကေးဒါးသူပုန်များဟု သံသယရှိရသူ ၃၀ နှင့် အရပ်သား ၁၀ဦးသေဆုံးခဲ့ကြောင်း ခရိုင်အရာရှိကပြောခဲ့သည်။
ယခုစီးနင်းတိုက်ခိုက်မှုသည် သမ္မတဒေါ်နယ်ထရမ့်ရာထူးလက်ခံသည့် ဇန်နဝါရီ၂၀ရက်ကတည်းက ပထမဦးဆုံး အကြိမ်အဖြစ် ယီမင်နိုင်ငံရှိ ဂျီဟတ်စစ်သွေးကြွများကို အမေရိကန်တို့ တိုက်ခိုက်သည့် စစ်ဆင်ရေးတစ်ခုအဖြစ် မှတ်ယူနိုင်သည်။
အဆိုပါတိုက်ခိုက်မှုသည် ဘိုင်ဒါခရိုင်အတွင်းရှိ ယက်ခ်ကလာအရပ်ဒေသတွင်ဖြစ်ပွားခဲ့ပြီး စီးနင်းတိုက်ခိုက်မှု တွင်သေဆုံးခဲ့သောအရပ်သားများထဲ၌ အမျိုးသမီး၇ဦးနှင့် ကလေး၃ဦးပါဝင်ကြောင်း အမည်မဖော်လိုသူအရာရှိ တစ်ဦးကပြောခဲ့သည်။
အစောပိုင်းက ထိုဒေသတွင်းရှိမျိုးနွယ်စုများထံမှရရှိသောသတင်းအရင်းအမြစ်များအရ အဆိုပါစီးနင်းတိုက်ခိုက် မှုသည် အယ်လ်ကေးဒါးအဖွဲ့နှင့်ဆက်နွယ်မှုရှိသော မျိုးနွယ်စုခေါင်းဆောင် သုံးဦး၏ နေအိမ်များသို့ ဦးတည် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားများလည်းသေဆုံးခဲ့ရကြောင်းသိရသည်။
သို့သော်လည်းခရိုင်အရာရှိက အပါချီရဟတ်ယာဉ်များသည် ကျောင်းများ၊ဗလီများနှင့်အယ်လ်ကေးဒါးစစ်သွေး ကြွများအသုံးပြုသော ဆေးဖက်ဆိုင်ရာ အဆောက်အဦးများကို ဦးတည် တိုက်ခိုက်ခဲ့ကြောင်း ပြောခဲ့သည်။
သမ္မတဟောင်းအိုဘားမားလက်ထက်တွင် အမေရိကန်တို့ဟာ ဒရုန်းယာဉ်ပျံများအသုံးပြုကာ ယီမင်နိုင်ငံနှင့် အာဖဂန်နစ္စတန်အပါအဝင်အခြားနိုင်ငံများမှ ဂျီဟတ်စစ်သွေးကြွများကိုတိုက်ခိုက်ခဲ့သည်။