အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး ပွဲကြီးကြပ်ခွင့် လေးပွဲ ပိတ်ခံရ

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါး ပွဲကြီးကြပ်ခွင့် လေးပွဲ ပိတ်ခံရ

ဇန်နဝါရီ ၂၈၊ လန်ဒန်။             ။ ဘန်လေကို အနိုင်ရသည့်ပွဲမှ မလျော်ကန်သည့် အပြုအမူအတွက် အက်ဖ်အေ၏စွဲချက်ကို လက်ခံခဲ့သော အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် ပွဲကြီးကြပ်ခွင့်   လေးပွဲပိတ်ခံရပြီး ဒဏ်ငွေ ပေါင် ၂၅, ၀၀၀ လည်း ချမှတ်ခံရသည်။

အသက် ၆၇ နှစ်အရွယ်ဝင်းဂါးသည် စတုတ္ထဒိုင်တေလာကို ရိုင်းပျစွာပြောဆိုမှု၊ တွန်းမှုတို့ကြောင့် ထုတ်ပယ်ခံရပြီး စွဲချက်လည်းတင်ခံခဲ့ရသည်။

ပွဲကြီးကြပ်ခွင့်ပိတ်သည့်ပြစ်ဒဏ်မှာချက်ချင်းသက်ရောက်မည်ဖြစ်ရာ စနေနေ့ကစားရမည့် ဆောက်သမ်တန်နှင့် အက်ဖ်အေ ဖလားပွဲမှ စတင်မည်ဖြစ်သည်။

အကယ်၍ ဆောက်သမ်တန်နှင့်သရေကျပြီး ပြန်ကန်ပွဲကစားရလျှင်မူ ဝင်းဂါးသည် ဖေဖော်ဝါရီ ၁၁၊ ဟားလ်စီးတီးနှင့် ပရီးမီးယား လိဂ်ပွဲတွင် အသင်းကိုပြန်လည်ကြီးကြပ်နိုင်မည်ဖြစ်သည်။

သို့သော်ဆောက်သမ်တန်နှင့်ပွဲ ပြန်ကန်ရန် မရှိခဲ့လျှင် ပရီးမီးယားလိဂ်ပွဲများဖြစ်သော ဝက်ဖို့ဒ်၊ ချယ်လ်ဆီး၊ ဟားလ်စီးတီးတို့နှင့် ပွဲကို လွဲမည်ဖြစ်သည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly