နယ်စပ်တံတိုင်းခတ်ဖို့ ကိစ္စအပေါ် ကျေနပ်မှုမရှိတာကြောင့် ထရမ့်နှင့်တွေ့ဆုံမည့် အစည်းအဝေး မက္ကဆီကိုသမ္မတ ဖျက်သိမ်း

နယ်စပ်တံတိုင်းခတ်ဖို့ ကိစ္စအပေါ် ကျေနပ်မှုမရှိတာကြောင့် ထရမ့်နှင့်တွေ့ဆုံမည့် အစည်းအဝေး မက္ကဆီကိုသမ္မတ ဖျက်သိမ်း

ဇန်နဝါရီ ၂၇ ။               ။ နှစ်နိုင်ငံကြား နယ်စပ်တံတိုင်း ကာရံရေးကိစ္စ ပေါ်ပေါက်လာခဲ့ချိန် အငြင်းပွားမှုများ ရှိလာခဲ့ခြင်းကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံရန် စီစဉ်ထားသည့် အစည်းအဝေးတစ်ခုကို ဖျက်သိမ်းကြောင်း မက္ကဆီကို သမ္မတ အင်းနရစ် ပီနာနီတိုက ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာသွားခဲ့သည်။

နယ်စပ်တံတိုင်းဆောက်ရန် မက္ကဆီကိုတို့ဘက် ငွေကြေးစိုက်ထူသုံးစွဲပေးရန် တောင်းဆိုဖိအားပေးသွားမည်ဟု ထရမ့်က ပြောကြားခဲ့မှုအပေါ် ပီနာနီတိုက လက်ခံခဲ့ခြင်းမရှိဘဲ မည်သည့်ကုန်ကျစရိတ်မှ စိုက်ထူပေးလိမ့်မည်မဟုတ်ကြောင်း ပြောဆိုထားသည်။

" လာမယ့် အင်္ဂါနေ့မှာ တွေ့ဖို့စီစဉ်ထားတဲ့အစည်းအဝေး ကျွန်တော် မတက်တော့ဘူးဆိုတာ အိမ်ဖြူတော်ကိုလည်း အကြောင်းကြားလိုက်ပါပြီ" ဟု မက္ကဆီကန် သမ္မတက တွစ်တာမှတဆင့် ထုတ်ဖော်ရေးသားသွားသည်။

" ကျွန်တော်တို့ မက္ကဆီကိုဘက်ကတော့ နှစ်နိုင်ငံစလုံးအကြား ခုလို အငြင်းမပွားဘဲ သဘောတူညီချက်တွေရဖို့အတွက်ပဲ လုပ်ဖို့ ဆန္ဒရှိပါတယ်" ဟု ၎င်းက ပြောသည်။

ယခုအခါ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရားမဝင် ဝင်ရောက်နေသည့် ရွှေ့ပြောင်းများကို ပိတ်ပင်တားဆီးနိုင်ရန် နယ်စပ်တံတိုင်းတည်ဆောက်ရေး ကိစ္စပါဝင်သည့် အမိန့်ညွန်ကြားချက်ကို လက်မှတ်ထိုးထားခဲ့ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly