အိန္ဒိနိုင်ငံ ကက်ရှိမီးယားဒေသ၌ ဆီးနှင်းများ ပြိုကျမှုကြောင့် လူအများအပြား သေဆုံးခဲ့

အိန္ဒိနိုင်ငံ ကက်ရှိမီးယားဒေသ၌ ဆီးနှင်းများ ပြိုကျမှုကြောင့် လူအများအပြား သေဆုံးခဲ့

ဇန်နဝါရီ ၂၅ ။               ။  အိန္ဒိယနိုင်ငံအုပ်ချုပ်ခွင့်ရ ကက်ရှ်မီးယားဒေသတွင် ယနေ့ဗုဒ္ဓဟူးနေ့၌ဆီးနှင်းပြိုကျမှုများဖြစ်ပွားခဲ့သောကြောင့် မိသားစုဝင်လေးဦးနေထိုင်သောအိမ်တစ်လုံးနှင့် စစ်အခြေစိုက်စခန်းမှ စစ်သားတန်းလျားတစ်ခုသည် ဆီးနှင်း များအောက်ကျရောက်သွားခဲ့ကြောင်း သိရသည်။

ပါကစ္စတန်အုပ်ချုပ်ရာကက်ရှ်မီးယားဒေသနှင့်နီးသော ဂါရက်ဇ်ဒေသရှိ ဘာဒူဂမ်ကျေးရွာ၌နေထိုင်ကြသည့် မိသားစုဝင်လေးဦးစလုံးသည် သူတို့၏နေအိမ်အတွင်းအိပ်ပျော်နေစဉ်၌ အဆိုပါ ဆီးနှင်းပြိုကျမှုကြောင့် သေဆုံးခဲ့ ကြောင်း သိရသည်။

“ဒေသစံတော်ချိန်မနက်လေးနာရီမှာဆီးနှင်းပြိုကျမှုအဆိုပါရွာထဲမှာဖြစ်ပွားခဲ့ပြီးမိသားစုဝင်လေးဦးရှိသောမိသားစုတစ်စုလုံးသေဆုံးခဲ့ပါတယ်” ဟု အဆိုပါဒေသမှစုံစမ်းစစ်ဆေးရေးရဲမှူး ဂျာဗစ်ဂီလာနီက အေအက်ဖ်ပီအားပြော ခဲ့သည်။

သေဆုံးခဲ့သူများသည် ၁၇နှစ်အရွယ်ယောင်္ကျားလေးတစ်ဦး၊၁၉နှစ်အရွယ်မိန်းမပျိုတစ်ဦးနှင့် ၎င်းတို့၏မိဘနှစ်ဦး ဖြစ်ကြောင်းသိရသည်။

ဒါ့အပြင်နောက်ထပ်ဆီးနှင်းပြိုကျမှုတစ်ခုသည် ဆွန်မာ့ဂျ်မြောက်ပိုင်းဒေသရှိ စစ်တန်းလျားပေါ်သို့ ရိုက်ခတ်ပြို ကျခဲ့ပြီး စစ်သားတစ်ဦးသေဆုံးခဲ့ကြောင်း စစ်တပ်မှပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောခဲ့သည်။

အိန္ဒိယအုပ်ချုပ်ရာကက်ရှ်မီးယားနယ်မြေအတွင်း၌ လွန်ခဲ့သောဆယ်စုနှစ်များအတွင်း အပြင်းထန်ဆုံးဆောင်း ရာသီကိုကြုံတွေ့နေရခြင်းဖြစ်ကာ နယ်မြေတစ်လျှောက်၌ဆီးနှင်းများသည်းသည်းမဲမဲကျဆင်းနေပြီး အပူချိန် မှာလည်း အနှုတ်၇ဒီဂရီဆဲလ်စီရက် (၁၉ဒီဂရီ ဖာရင်ဟိုက်) အထိကျဆင်းနေကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly