ဇန်နဝါရီ ၂၅ ။ ။ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် Nikki Haley အား ခန့်အပ်ရန် အမေရိကန် ဥပဒေပြုလွှတ်တော် ဆိနိတ်က ဇန်နဝါရီလ ၂၄ ရက်တွင် အတည်ပြုပေးလိုက်ပြီဖြစ်သည်။
ရီပတ်ဘလစ်ကန်ပါတီမှ တောင်ကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Haley ကို အရေးကြီးသည့် ရာထူးနေရာတစ်နေရာအတွက် ဆီးနိတ်က အတည်ပြုပေးလိုက်ခြင်းလည်း ဖြစ်သည်။
Haley မှာ ဆီးနိတ်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ၏ အတည်ပြုချက်နှင့်အတူ ၂၉ ဦးမြောက် ကုလဆိုင်ရာ ဝါရှင်တန်သံအမတ်ကြီး ဖြစ်လာခဲ့ပြီဖြစ်သည်။