ကွင်းလယ်လူ ရိုမြူကို ဆောက်သမ်တန်အသင်း ကာလရှည် စာချုပ်သစ် ချုပ်ဆို

ကွင်းလယ်လူ ရိုမြူကို ဆောက်သမ်တန်အသင်း ကာလရှည် စာချုပ်သစ် ချုပ်ဆို
 

ဇန်နဝါရီ ၂၅၊ အင်္ဂလန် ။                ။ စပိန်ကွင်းလယ်ကစားသမား ရိုမြူကို လေးနှစ်ခွဲ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း ဆောက်သမ်တန်အသင်းက ထုတ်ပြန်ကြေညာလိုက်သည်။

အသက် ၂၅ နှစ်အရွယ်ရှိ ရိုမြူသည် ၂၀၁၅ ခုနှစ်က ချယ်လ်ဆီးမှ ဆောက်သမ်တန်သို့ရောက်ရှိလာသူဖြစ်ပေါင်း ပွဲပေါင်း ၅၀ ကျော် ပါဝင်ကစားထားသူ ဖြစ်သည်။ ယခုနှစ်ရာသီတွင်လည်း ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲသာ လွဲချော်ထားပြီး ပွဲပေါင်း ၃၀ ကျော် ပါဝင်ကစားထားသည်။

ဆောက်သမ်တန်အသင်းနှင့်စာချုပ်ချုပ်ဆိုနိုင်သည့်အတွက် ရိုမြူမှာ ဝမ်းမြောက်လျက်ရှိပြီး ယခုထက်ပိုမိုစွမ်းဆောင်နိုင်လိမ့်ဦးမည်ဟု ယုံကြည်ကြောင်း ပြောသည်။

‘ဆောက်သမ်တန်နဲ့ စာချုပ်သစ်ချုပ်နိုင်တာလောက်ပိုပျော်စရာကောင်းတာ ရှိနိုင်တော့မှာ မဟုတ်ပါဘူး။ ဒီအသင်းကိုရောက်ကတည်းက တကယ်ကို ကောင်းကောင်းမွန်မွန် ကစားနိုင်ခဲ့ပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့လည်း အများကြီးတိုးတက်လာခဲ့ပါတယ်။ ရှေ့လာမယ့်နှစ်တွေက ကျွန်တော့်အတွက် ပိုမိုကောင်းမွန်တဲ့နှစ်တွေဖြစ်ပြီး ပိုမိုခြေစွမ်းပြနိုင်မယ်လို့ မျှော်လင့်ပါတယ်။’ ဟု ရိုမြူက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly