ရိုင်ဖယ်လက်နက်ပိုင်ဆိုင်မှုနှင့် ခိုးရာပါ ပစ္စည်းလက်ဝယ်တွေ့ရှိမှုအတွက် ရက်ပါဆိုးလ်ဂျာဘွိုင်းအား တရားစွဲဆိုို

ရိုင်ဖယ်လက်နက်ပိုင်ဆိုင်မှုနှင့် ခိုးရာပါ ပစ္စည်းလက်ဝယ်တွေ့ရှိမှုအတွက် ရက်ပါဆိုးလ်ဂျာဘွိုင်းအား တရားစွဲဆိုို

ပြီးခဲ့သော ဒီဇင်ဘာလက ဟောလိဝုဒ်ရှိသူ၏ နေအိမ်သို့ရဲမှ ဝင်ရောက်စီးနင်း ရှာဖွေရာတွင်ရိုင်ဖယ်လက်နက်ပိုင် ဆိုင်မှုနှင့် ခိုးရာပါပစ္စည်းလက်ခံထားမှုကို တွေ့ရှိခဲ့ပြီးနောက်တွင် ရက်ပ်အဆိုတော်ဆိုးလ်ဂျားဘွိုင်းကို ဇန်နဝါရီ ၂၃ရက် တနင်္လာနေ့တွင် တရားစွဲဆိုထားကြောင်း လော့စ်အိန်ဂျယ်လိစ် အစိုးရရှေ့နေများက ပြောခဲ့သည်။

လော့စ်အိန်ဂျယ်လိစ်ဒေသကောင်တီမှ ရှေ့နေရုံး၏ အဆိုအရ အမည်ရင်း ဒန်အန်ဒရီကောတက်ဇ်ဝေး ဖြစ်သော ရက်ပ်အဆိုတော်ဟာ ခံဝန်ချုပ်ဖြင့် လွှတ်ထားသောကာလတွင်   သေနတ်လက်ဝယ်တွေ့ရှိမှုကြောင့် တရားစွဲဆိုခံ ထားရကြောင်းသိရသည်။

အကယ်၍ တရားရုံးကြားနာမှု၌ အပြစ်ရှိကြောင်းထင်ရှားပါက သူဟာ ထောင်ဒဏ်လေးနှစ်အထိ ကျခံဖွယ်ရှိပါ သည်။

အစိုးရရှေ့နေများက ရဲများဟာအဆိုတော်ထံတွင် အသေးစား ဒရာကိုအေအာ-၁၅ အမျိုးအစားသေနတ်နှင့် ဂလော့်ခ်အမျိုးအစားခြောက်လုံးပြူးတစ်လက်ကို   တွေ့ရှိခဲ့၍ ပြီးခဲ့သော ဒီဇင်ဘာ၁၅ရက်နေ့ကသူ၏ နေအိမ်တွင် အဖမ်းခံခဲ့ရကြောင်းပြောခဲ့သည်။

ထိုထဲမှ သေနတ်တစ်လက်မှာ ဟန်တင်းတန်ကမ်းခြေစောင့်ရဲကားမှ အခိုးခဲ့ရတာဖြစ်ကြောင်း ဒေသဆိုင်ရာရှေ့နေရုံးမှပြောခဲ့သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly