မြန်မာ့မီးရထား၏ ရထားစက်ခေါင်းများအနက် ထက်ဝက်ခန့်မှာ သက်တမ်းလွန်နေ

မြန်မာ့မီးရထား၏ ရထားစက်ခေါင်းများအနက် ထက်ဝက်ခန့်မှာ သက်တမ်းလွန်နေ

မြန်မာ့မီးရထား၏ လက်ရှိအသုံးပြုနေသော ရထားစက်ခေါင်းများအနက် ထက်ဝက်ခန့်မှာ သက်တမ်းလွန်နေပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရထားစက်ခေါင်း ၃၇၇ တွဲရှိပြီး ယင်းမှ သက်တမ်းလွန်များကို ပြည်ပမှ စက်ခေါင်း အသစ်များဖြင့် အစားထိုးရန် စီစဉ်နေသည်ဟု မြန်မာ့မီးရထား စက်မှုနှင့် လျှပ်စစ်ဌာန အထွေထွေ မန်နေဂျာ ဦးဝင်းဦးက ပြောသည်။

သက်တမ်းလွန်နေသည်ဟု ဆိုသော်လည်း သုံးစွဲ၍ အဆင်ပြေစေရန် ပြုပြင်ထားသည်ဟု လည်းဆိုသည်။

နိုင်ငံပိုင်ငွေဖြင့် ဝယ်ယူထားသည့် ရထားစက်ခေါင်းအသစ် ၁၁ ခု ရောက်ရှိနေပြီဖြစ်ပြီး နိုဝင်ဘာလအတွင်း သုံးခေါင်း ထပ်မံရောက်ရှိမည်ဟု မြဝတီသတင်း၌ ပါရှိသည်။

တရုတ်နိုင်ငံမှ ငွေချေး၍ ယင်းနိုင်ငံမှပင် ပြန်လည်ဝယ်ယူထားသည့် စက်ခေါင်း ၂၂ ခေါင်း အနက် ၇ ခု သည်လည်းနိုဝင်ဘာလ အတွင်း၌ပင် ရောက်ရှိမည်ဟု သိရသည်။

ရထားစက်ခေါင်းတစ်ခုလျှင် ကန်ဒေါ်လာ ၁ ဒသမ ၄ သန်းခန့် ကုန်ကျသည်ဟုလည်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly